Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: July 2012

Tuesday, July 31, 2012

**ပျော်ရွှင်ပါစေချစ်သူ**

သံယောဇဉ်မပြတ်သေးသမျှ....

သစ္စာကတိပြု
ယုယကာနေမိလို့ ငါတွယ်တာ
အမုန်းတရားတွေကိုယ်စီရှိနေပါလည်းငါ
အရင်အတိုင်းပဲနေပါရစေလေ
သူနဲ့ အတူ
အသက်ရူတိုင်းလည်းအတူရှင်သန်ရန်အတွက်
ငါတောင်းတမိပါရဲ့ ချစ်သူရယ်
ရှည်လျှားလှတဲ့ဒီသံသရာမှာ
ငါဘယ်လိုနေရပါ့
ဒါပါပဲ
မိုးရွာတာကိုလည်းအပြစ်မဆိုမိအောင်
ငါနေလိုက်ပါ့မယ်
အရှုံးနဲ့ အမုန်းမှာ
ငါကျရှုံးနေတာ
ငါညံ့ ပါတယ်.......
ငါ့သံယောဇဉ်
ငါ့အလွမ်း
ငါတစ်ယောက်
သံယောဇဉ်မပြတ်
ရုန်းမထွက်နိုင်တာ
ငါ..........
ဘာဖြစ်လို့ ပါလိမ့်နော်.....
ငါ့သံယောဇဉ်များရှင်သန်နေရန်ငါဆုတွေတောင်းရင်း....
ငါသံယောဇဉ်မပြတ်သူအနေနဲ့ 
အဝေးဆုံးကိုပဲသွားတော့မယ်ဟာ...................။.......................။
ပျော်ရွှင်ပါစေ....................။........။

***ကြွေလွင့်သွားသောနှလုံးသား***

လမ်းဆုံးနေတဲ့ မျှော်လင့်ချက်မှာ
တမ်းတခြင်းက
အတွင်းထိလှိုက်စားနေ...
မင်းမသိနိုင်ခဲ့တဲ့
ငါ့ရဲ့ ရူးသွက်စွာစောင့်မျှော်ခြင်းက
၃၆၅-ရက်....
အဲဒီစောင့်မျှော်ခြင်းရဲ့ အဓိပ္ပါယ်က
ဒဏ်ရာတွေ အသက်ဆက်ဖို့ ဖြစ်နေတယ်..
အိပ်မက်တွေပြိုကွဲဖို့ ဖြစ်ခဲ့ တယ်..
မတိုက်ဘဲနဲ့ ရှုံးနိမ့်တဲ့ စစ်ပွဲမှာ
ငါ့နှလုံးသားလည်း
တိတ်တဆိတ်သေမိန့် ကျလို့ ပေါ့....
နောက်ထပ်မရှိနိုင်တော့တဲ့
နောက်ဆုံးမှာ
မင်းမျက်နှာကိုငေးကြည့်ခွင့်ရရုံပါပဲ...
ကြေကွဲခြင်းနဲ့  အဆုံးသတ်မဲ့ 
အလွမ်းဇာတ်
အပြုံးတစ်ချက်ကိုဘဲ မျှော်မိတော့တယ်....ချစ်သူ ။

“အမှတ်တမဲ့မိုးည”

မိုးမြူတွေငိုကြတဲ့ ညတစ်ညမှာပေါ့
တိမ်တွေပြိုလို့တစ်ကိုယ်လုံးစိုနေတဲ့
အဖြူရောင်နတ်သမီးလေးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဆံနွယ်ရှည်လေးနဲ့ အရမ်းလှတဲ့ကောင်မလေးရေ....
အဲ့ထိအချိန်ကစလို ငါ့အနာဂတ်တွေကိုစိုးမိုးခဲ့ပါတယ်။
အညှိုးနဲ့ရွာခဲ့တဲ့မိုးရေ မဆဲပဲ အသဲအမဲ
အလွမ်းတွေအအေးပက်တဲ့ အထိသာ
ရွာလိုက်ပါတော့မိုးရယ်...
အမှတ်တမဲ့နဲ့ တွေလိုက်တဲ့မင်း
အမှတ်တမဲ့ ဇာတ်လမ်းတွေမင်းထားခဲ့ပြီး
အမှတ်တမဲ့နဲ့ပဲ (မပြောမဆို)
ငါ့မြင်ကွင်းထဲကပျောက်ကွယ်
အဝေးကိုပြေးထွက်သွားခဲ့သူရယ်...
အခုတော့ဖြင့် ငါ့မှာ
အမှတ်တမဲ့ အလွမ်းတွေနဲ့
အမှတ်တရရှိနေတဲ့ ဒီလူတစ်ယောက်တော့
တိမ်မြူတွေရဲ့မျက်ရည်တွေကို အဖော်ပြုလို့
တစ်ယောက်တည်းနေတတ်ခဲ့ပြီလေ...
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ဒီမိုးစက်လေးတွေကိုပဲ
မင်းပေးတဲ့လက်ဆောင်အဖြစ်ကျေနပ်စွာ
ခံယူလိုက်ပါ့မယ် ချစ်သူရယ်...။ ။

***ကျေနပ်ပါတယ်ချစ်သူ***

တမ်းတစိတ်တွေနေတိုင်းပဲလေ
မင်းကမသိနိုင်ပေ့မဲ့ငါလေတမ်းတရင်းပဲ
ကြေကွဲနေတာင့ါရင်တစ်စုံဟာ
ဌက်တစ်ကောင်ကိုအဝေးပြေးသလိုနဲ့
အချိန်တန်ပြန်ရောက်ပေမဲ့
မင်းအမုန်းကိုခံရတဲ့ငါအချစ်က
ဘယ်အချိန်မှာရင်ခွင်သစ်တွေနိုင်မယ်မထင်လို့
တမ်းတမ်းတတနဲ့မျှော်လင့်ခဲ့ရတာ
ခုတော့ရင်ခွင့်ပြောင်းတဲ့မင်းအချစ်နဲ့
မတွေရမနေနိုင်တဲ့ငါ့အဖြစ်
စာနာလို့တွေးကြည့်ရင်ပေါ့
ငါဘက်ကသာရူးနေတာ မင်းကတော့ရင်ခွင်သစ်မှာ
ပျော်လို့သာနေတာ ငါကျေနပ်ပါတယ်ချစ်သူရာ

ကျေနပ်စွာပေးသောအရှုံး

မင်းကပဲကျောခိုင်းပြီးသွားနေတာလား.........
ငါကပဲရှေ့ဆက်မတိုးနိုင်တာလား............
ဒီလိုနဲ့ပဲ..မင်းနဲ့ငါဟာ..တဖြည်းဖြည်းဝေးကွာလာခဲ့ပြီလား....
ငါကိုယ်တိုင်လည်း…..
ရှုံးနိမ့်မှုတွေကြား အားကုန်သွားတာလည်း...ဖြစ်နိုင်ပါတယ်...
ဘာပဲဖြစ်ဖြစ်.....မင်းကိုငါချစ်တယ်.........
စာအုပ်ထဲမှာဖတ်ခဲ့ဘူးတယ်...
သင့်ကိုအရမ်းချစ်အောင်လုပ်တဲ့သူက...
အရမ်းကိုငိုရအောင်လည်း လုပ်လိမ့်မယ်တဲ့
ဒါအမှန်လားချစ်သူ.....ကိစ္စမရှိပါဘူး
မင်းသာဆန္ဒရှိရင်အကြိမ်ကြိမ်ငိုပေးဖို့
မျက်ရည်တွေစုဆောင်းထားလိုက့်ပါ့မယ်ဒါကိုမိုက်ရူးရဲဆန်တယ်လို့..........
အပြစ်တင်အုံးမှာလားချစ်သူ...
သူများတွေကပြောတယ်.....ငါဟာမင်းနဲ့ပတ်သတ်ရင်
စစ်မတိုက်ခင် မြားကုန်နေတဲ့သူတစ်ယောက်တဲ့
အမှန်တော့ နဂိုကတည်းက မြားယူမလာတာပါဟာ
ဘာဖြစ်လို့လည်းဆိုတော့...နင်နဲ့ပတ်သတ်ရင်..
အရှုံးဟူသမျှကို.....
ကျေနပ်စွာခံယူချင်ခဲ့လို့ပါ...ချစ်သူ

***အမှတ်တရ မိုးစက်များ**



မျှော်လင့်ခြင်းတွေ
ရည်ရွယ်ထားတဲ့စိတ်ကူးတွေ
အစရှာမရအောင် ပျောက်ဆုံးပျက်စီးခဲ့ပေမယ့်
မိုးတွေအရမ်းရွာလွန်းတဲ့
ညတစ်ညရဲ့ အိပ်မက်ထဲမှာ
ငါဟာလွင့်မျောတုန်းပဲ.....
မမေ့ရက်နိုင်အောင်စွဲလန်းခဲ့ရ
အဲဒီညပေါ့
တစိမ့်စိမ့်နဲ့ တဖွဲဖွဲ
လွတ်မြောက်လာခဲ့တဲ့ အကြင်နာမိုးစက်တွေ
ငါ့တစ်ကိုယ်လုံးရွှဲစိုလို့.....
ရာသီဖွဲ့တေးတစ်ပုဒ် ဆိုညည်းရင်း
တစ်လောကလုံးရဲ့ ကံအကောင်းဆုံးလူသားအဖြစ်
ဘယ်သူမှ မပြောလည်း
ငါ့ကိုယ်ငါခံယူလို့ပေါ့ (ခဏလေးသာ).....
မကြားလိုက်ပါဘူး ငါ့ပျော်ရွှင်ခြင်းတွေ
ကောင်းကင်တစ်ခုလုံး မိုးသားနက်တွေဖုံးလို့
ထိတ်လန့်ပေမယ့် ရုန်မထွက်နိုင်ခဲ့ဘူး
ရင်ကွဲမိုးတွေ တရစပ်ရွာချလိုက်တယ်
ရက်စက်ပါပေ့
ရင်ကိုမှန်တဲ့ မိုးစက်တွေကိုတော့
ကြည်ဖြူစွာခံယူခဲ့ပါတယ်
အမှတ်တရအဖြစ်ပေါ့။ ။

Monday, July 30, 2012

အသဲစားမိန်းခလေးတွေအတွက်

ချောတာကြိုက်ရင်            
  မင်းသားတွေရှိတယ်      
ချမ်းသာတာမှလိုချင်ရင်        
 သူဌေးသားတွေရှိတယ်   
 ဂုဏ်မက်တယ်ဆိုရင်လဲ         
 စစ်ဗိုလ်တွေရှိတယ်        
 အချစ်စစ်ကိုလိုချင်ရင်တော့          
 ငါ့ဆီကိုသာလာခဲ့♥♥♥

ပေးဆပ်ခြင်း

တကယ်တော့ ငါဟာနင့် အတွက်
နင်ကစားနေတဲ့ ကျားကွက် ထဲ
 နင်လိုသလို ရွှေ့လို့ရနေတဲ့
ဇယ်လေးတွေ အဖြစ်ရောက်ရှိနေခဲ့တယ် 
 ကို့အဖြစ်ကို သိနေပေမဲ့ နင်ပျော်ရွှင်ဖို့
ငါနှလုံးသားကို နင်အနင်းခံ 
ဘဝရောက်သွား တာတောင်
 ငါကျေနပ်နေခဲ့တယ်
တစ်နေ့ ဒီလိုဖြစ်လာမယ် ဆိုတာ 
ကြိုတွေး ကြိုသိထားသော် လည် 
ငါကြိုတင်ပြင်ဆင်ဖို့လုံးဝစိတ်မကူးခဲ့ဘူး
 ခုနင် အခြားတစ်ယောက်ရဲ့ ရင်ခွင်ကိုရောက်သွားခဲ့ပေမဲ့ 
နင်လိုအပ်တဲ့
အချိန်ငါ့ကို သတိရပေးပါ
သူ့ရင်ခွင်နင်ပျော်နေသာကိုလည်း ငါကျေနပ်ပါတယ်
ငါခံယူထားတဲ့ အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းဆိုတာထက် 
ကိုချစ်တဲ့သူအပေါ်ပေးဆပ်ခြင်း ဖြစ်နေလို့ပါ
ကောင်မလေးရယ် ♥♥♥

မယုံနိုင်ဘူးချစ်သူ

မယုံပါဘူး…..
ခုမှာလာပြီးမပြောင်းလဲကြေး…
မင်းပြောတဲ့ လမ်းခွဲဖို့စကားကို
ငါမကြားသလိုနေလိုက်မယ်…
မင်းငါ့ကို နောက်နေတာမဟုတ်လား…….

ဘယ်တော့မှ စိတ်မပျက်ပါဘူးဆို
ခုမှစိတ်ကုန်တယ်လို့ပြောလာတော့
ငါတော်တော်အံ့သြမိတယ်…
သည်းသည်းလှုပ်ချစ်ပြမိခဲ့တာကလွဲရင်
ငါဘာအပြစ်များလုပ်မိလို့လဲ…………

ပြောင်းလဲတတ်တဲ့မိန်းမတွေထဲမှာ
မင်းမပါဘူးလို့ မင်းပြောခဲ့ဖူးတယ်လေ….
အခု ငါ့ကိုလမ်းခွဲဖို့ပြောတာ
ပြောင်းလဲတာပဲမဟုတ်ဘူးလား…..

မနောက်နဲ့ကွာ…
ငါမယုံဘူး…
ငါမင်းကိုသိပ်ချစ်ခဲ့တာ…
မင်းအတွက်အဆိပ်ဖြစ်ခဲ့လေသလား…
မင်းဘယ်လိုပြောပြော
ငါမယုံဘူး….
နောက်ဆုံးတော့လဲ
ငါဘယ်လောက်ပဲ ယုံ…ယုံ
မင်းငါ့ကိုထားခဲ့တာပဲနော်…..
တကယ်ပါ…
ငါလေ….
ခုချိန်ထိကို မယုံနိုင်သေးဘူး……..။ ။

ချစ်သူမင်းကရော?

civil တွေကို
survey တိုင်းခိုင်းရင်တောင်
ဧရိယာ မသိနိုင်တဲ့
အဲဒီ အချစ်ကို
မင်းက steel rule နဲ့ တိုင်းပြမလို့လား.........
ငါ့ရဲ့ မြန်နှုန်းမြင့်ရင်ခုန်သံတွေ
Mechanical တွေ က
RPM နဲ့ တိုင်းတာမရကြောင်း
သူတို့ ခေါင်းကို လက်ညှိးထိုးပြီး
လက်ခါပြတယ်........
စိတ်ဓာတ် ပြသနာတက်နေလို့
ရင်ဘတ် လျှော့ဖြစ်ပြီး
ပြုပြင်မရတော့ကြောင်း
EP တွေ ကအကြောင်းကြားလာတဲ့နောက်......
ဆက်သွယ်မှုဧရိယာပြင်ပမှာ
အနေဝေးရင် သွေးအေးလို့
သတင်းအချက်အလက်
ပြတ်တောက်နိုင်ကြောင်း
EC တွေက အကြံပေးတယ်...........
safety first ကို စဉ်းစား
spare part လုပ်ထားသင့်ကြောင်း
CNC တွေ လာအကြံပြုပြီး
တွင်ခုတ်ထားတဲ့
ှsteel နှစ်လုံးသားတစ်ခု
လက်ဆောင်လာပေးတော့
ရင်ဘတ်မှာ စမ်းတပ်ကြည့်တယ်
အေးစက်စက် မာကြောကြောနဲ့
အသက်ရှုရတာလူသားမဆန်ဘူး
မွန်းကျပ်ပြီး တအားရုန်းလိုက်တော့
လောကသစ်တစ်ခု ရောက်သွားတယ်
ရင်ဘတ်ကိုစမ်းကြည့်တော့
ဟူးတော်ပါသေးရဲ့
နှလုံးသားအစစ်ရဲ့ ရင်ခုန်သံနဲ့အတူ
အေးမြမြ လေ ကိုရှုရှိုက်လိုက်ရတယ်
သေချာတွေးကြည့်လိုက်တော့
အော် ငါအိပ်မက်မက်နေတာကိုး...........
အောင်မယ် ကြောက်စရာကောင်းလိုက်တာ
အင်း ချစ်သူရေ မင်း က ရော ENGINEER လားကွယ်.............

Sunday, July 29, 2012

ချစ်သူ

ချစ်သူ....
ဆုံဆည်းခြင်းဟာ
ဝေးကွာဖို့အတွက် အစဖြစ်ခဲ့မယ်ဆိုရင်
ဆုံဆည်းခြင်းကို ငါ သွေဖယ်ခဲ့မှာပါ…
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း နာကျင်သွားမှာ စိုးလို့ပါ……
ချစ်ခဲ့ခြင်းဟာလဲ
လမ်းခွဲဖို့အတွက်သာ ဖြစ်ခဲ့မယ်ဆိုရင်
မချစ်မိခဲ့ဖို့ ငါ ကြိုးစားခဲ့မှာပါ..
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း ကြေကွဲရမှာ စိုးလို့ပါ…..
ဆုံတွေ့ခြင်းဟာ
အစနဲ့အဆုံး ကြားမရှိ ဖြစ်ခဲ့မယ်ဆိုရင်
မင်းနဲ့ ဆုံတွေ့ဖို့ ငါ ကြိုးစားခဲ့မှာ မဟုတ်ဘူး…
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း မမေ့နိုင်မှာကိုပဲ စိုးတာပါ…..
ဆုံစည်းမှု ရှိခဲ့ပေမယ့်
ပေါင်းစည်းမှု မဖြစ်နိုင်တော့တဲ့ဘ၀မှာ
ဆုံတွေ့ခြင်းကို အပြစ်မပြောလိုပဲ
ချစ်ခဲ့ခြင်းကိုသာ ရင်မှာမြတ်နိုး
သိမ်းထားခွင့်တော့ ပြုလှည့်ပါ ချစ်သူ.........

★ ဆုံနိုင်ခွင့်..... ♪♫





                                                                  မဖြစ်နိုင်မှန်းသိပေမဲ့
မိုက်မဲစွာသတိရနေတာကို
အချစ်လို့မယူဆချင်ပါဘူး
အတ္တကြီးစွာနဲ့ပိုင်ဆိုင်ချင်ခဲ့တာ
မာယာကင်းတဲ့ချစ်မေတ္တာမို့
အိပ်မက်တွေကိုမင်းစိုးမိုးလည်း
အပြင်မှာတော့မဆိုင်သူတွေပေါ့
ဒါပေမဲ့ပျော်ရွှင်ကာကြည်နူး
ချစ်ခဲ့တဲ့နေ့တွေကို
သတိရရင်းကလွမ်းနေဆဲပါချစ်သူ
နက်ရှိုင်းတဲ့အချစ်တွေ
သစ္စာတည်ရင်းက
သစ္စာအစစ်အချစ်စစ်ကြောင့်
ဘယ်လိုပင်ခွဲဝေးနေရလည်း
                                                          နောင်တစ်ချိန်မှာ
                                                           ပြန်လည်ကာ တွေ့ဆုံရလိုစေ
                                                                     ချစ်သူရယ်...

ကောင်မလေးရေ

ကောင်မလေးရေ……….
မင်းဟာ…..ကိုယ့်ရဲ့ ရင်ခွင်မှာ..
ထာဝစဉ် ထွန်းလင်းနေသူပေါ့…………..
ခဏတာတွေ့ ခွင့်ရတာမှန်ပေမဲ့
မင်းကို ချစ်မိတဲ့ ကိုယ့် အချစ်တွေကတော့
တစ်ဘ၀စာ ခိုင်မာနေပါပြီကွာ…….
မင်းကိုချစ်မိတဲ့……………
ဖြူစင်တဲ့ ကိုယ့်အချစ်တွေကတော့
တစ်သက်လုံး ခိုင်မာနေတော့မှာလေ……………
မင်းအတွက်ဆို ……..
ဒဏ်ရာတွေနဲ့ လဲ ပေးဆပ်ရဲခဲ့………..
ဘာမဆို ခွင့်လွတ်ပြီး ချစ်နေမဲ့ သူပါကွာ…………..
မှုန်မချယ်ပဲနဲ့  လှတဲ့မင်းဟာ………
စန္ဒာလမင်းလေးတစ်စင်းလိုပဲ
ကိုယ့်ရင်ကို………….
ထာဝစဉ်အေးချမ်းစေတာ…………
ချစ်သူ………မင်းသိပါစေ…………

ရင်ကွဲမှတ်တမ်း…♥♥♥

ငါကအချစ်တွေ ပေးလိုက်တိုင်း
ပြန်ရတာက ဒဏ်ရာတွေပဲဆိုရင်
ခံစားမှုတွေညီမျှနိုင်ပါအုံးမလား။
သူများတွေပြောတာတော့
ငါက..
ယုံကြည်မှု့ အမျိုခံရတာတဲ့။
နင်ပြောခဲ့ဖူးတဲ့စကား
နင်မှတ်မိသေးလား
”ဒီအဖြစ်အပျက်တွေ ကြားမှာ
နင်သာ..နင်မဟုတ်ခဲ့ရင်
သိပ်ကောင်းမှာပဲ….တဲ့။
မျှော်လင့်ချက်တွေ
ရိုက်ချိုးပြီး
အိပ်မက်ဆိုးတွေ နိုးထအောင်
နင်ကိုယ်တိုင်ပဲ
အသက်သွင်းခဲ့တာပါ။
ငါသိချင်တာတစ်ခုက..
နံနက်ခင်းတွေ စိုက်ပျိုးတိုင်း
နေ၀င်ချိန်တွေပဲ
ရိတ်သိမ်းနေရတာ
ငါကျဲတဲ့ ပျိုးမှာ
ဘယ်နတ်ဆိုးတွေများ
စောင့်လို့လဲ…။
အတိတ်ကလေညှင်း တစ်ခုက
လမ်းကြုံလို့ ၀င်မေးတယ်
”မင်း..သူ့ကို ချစ်သေးလားတဲ့”
နာကျင်မှု့အပြုံးနဲ့
ငါ့ကိုယ်ငါ ပြန်ဖြေဖြစ်ခဲ့တယ်
ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ..........♥♥♥

ကောင်မလေးရေ.........

ကောင်မလေးရေ……
နင်မရှိတော့ မှ……
ရွက်ခြောက်တွေကို  လှေလုပ်စီး….
မျက်ရည်မြစ်ကြီးမှာလည်း….
အဆွေးတွေနဲ့ စီးမျော….
မပြီးနိုင်တဲ့  အချိန်ရဲ့ သဘောကို
လွမ်းချင်းတွေနဲ့ ရောဖူးတယ်…

ကောင်မလေးရေ…..
နင်မရှိတော့မှ…..
အချိန်မှန် ရွေ့လျားတဲ့  နာရီ တစ်လုံးရဲ့ဘေး
မျက်ရည်တွေနဲ့ ဆွေးလို့
အချိန်တွေရယ် ပြေးနေတာကို
အတွေးတွေ နဲ့ ငေးဖူးတယ်…..

ကောင်မလေးရေ……
နင်မရှိတော့မှ…..
တမ်းတမှုတွေ ငါ့ရှေ့ချ….
မှန်းဆ မရတဲ့ တို့နှစ်ယောက် အချစ်တွေကို
မျှော်လင့်ခြင်းတွေနဲ့ ရောသမ
လွမ်းလှလို့ မောရ
ပြောမရအောင်  ကြေကွဲရတယ်……

ကောင်မလေးရေ……
အတိတ်တွေ ကြားကို  တို့နှစ်ယောက်ပြေး……
နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရဲ့ နဘေးကို
ပန်းတို့ရဲ့ အရာ နက်ကလေး
နမ်းလို့သာ ငါရယ် ပေးချင်တယ်……

ကောင်မလေးရေ……
ချစ်ရက်နဲ့ မညားရတဲ့ တို့ဘ၀….
ဟို အတိတ်ညတွေ……လုံးဝကို မေ့မရ
ရမ်းဆ…..
တမ်းတလို့  ဆွေးရပါတယ်……


ကောင်မလေးရေ……
ဆုံးစမဲ့  လက်ပြ
ရှုံးရတဲ့  ငါတို့ အချစ်တွေကို
နာကျင်လွန်းလို့  မုန်းမရ
မှန်းတ…လွမ်းရ…
မြတ်နိုးခြင်း မျှသာ…….
ထပ်ကာ ရှုံး လို့  တွေးရပါတယ်…….

ကောင်မလေးရေ……
ခု ဘ၀မှာ တို့တွေ လက်ပြ
အတိတ်ဆိုတာ ပြန်မရစကောင်းပေမယ့်
နောင် အနာဂါတ် ဆိုတာ  ရှိနေသေးတာမို့
ဖြစ်နိုင်ရင်……
နောင်ဘ၀ကို  ငါလေ ပြေး…..
နင်နဲ့သာ ဆုံချင်သေးတယ်……..♥♥♥

အချစ်နဲ့ မင်း

ချစ်ခဲ့တာလားမင်းကို
ရူးခဲ့တာလား အချစ်ကို
“ ပြောတဲ့စာသား
ပြောလိုက်ချင်ရဲ့
အချစ်ကိုရူးခဲ့တာမဟုတ်
မင်းကို ရူးခဲ့တာ
မင်းကို ရူးလို့
အချစ်ဆိုတာ ပေါ်လာတာ
မင်းက ပထမ
အချစ်က ဒုတိယပါ ကွာ………….။

ရင်ထဲကချစ်သူ

ဖြူစင်တဲ့ အချစ်တွေနဲ့
သက်ဆုံးတိုင်း ချစ်နေမှာ..............။
ခိုင်မြဲ တဲ့ အချစ်တွေနဲ့
ဘ၀ဆက်တိုင်း ချစ်မှာပါ...............။
ရိုးသားတဲ့ အချစ်တွေနဲ့
စက္ကန့်တိုင်း ချစ်နေတာ.................။
သစ္စာရှိ အချစ်တွေနဲ့
နေ့ရှိသရွေ့ ချစ်နေတာကို.............
နီးလွန်းလို့ ဝါးနေတာာလား...............
ဂရုစိုက်လွန်းလို့ မသိတော့လား...........
ကောင်မလေး၇ယ်.................။

အချစ်က................
ဘောင်ခတ်လို့မှမရတာ......
နှလုံးသားက................
ကန့်သတ်လို့မှမရတာ........
အိမ်မက်တွေက.......
မောင်းထုတ်လို့မှမရတာ............။
သူငယ်ချင်း ကိုချစ်လို့
အပြစ်ဆိုလည်း ပေးပါစေ..........
ချစ်တတ်တဲ့ နှလုံးသားကို.....ဦးနှောက်ကမှ တားလို့ မရတာ.........
လွမ်းတိုင်းကျတဲ့....မျက်ရည်ကိုမျက်တောင်ကမှတားလို့မရတာ......
သတိရလို့...အိပ်မပျော်တာကိုအိပ်ဆေးတွေကမှကုလို့မရတာ.........
ကောင်မလေး၇ယ်.......................။

ငါ့နှလုံးသားကို မေးကြည့်ပါ.............
ငါ့စိတ်ကူးတွေကို မေးကြည့်ပါ..........
ငါ့အိမ်မက်တွေကို မေးကြည့်ပါ.........
သယ်ချင်းရေ
နင်ကြားနေကျဆိုလည်း
ကျေးဇူး ပြုပြီးသူတို့ပြောတာကို တော့
သေချာ နားထောင်ပေးပါကွာ
အရိုးသားဆုံး နှလုံးသားဝန်ခံချက်မို့ပါ...........
ချစ်တယ်...ချစ်တယ်...ကောင်မလေး၇ယ်.........................။

တမ်းတ၇တဲ့အလွမ်းည♥♥♥♥♥♥♥♥♥♥

ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...


ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...


နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...


လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...



မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်...


နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ


တိုက်ခိုက်ကြတဲ့
သွေးထိုးစကားတွေက လေထဲကဆိုပေမယ့်
ငါ့မာနတွေ တဖျပ်ဖျပ်နဲ့ ခပ်ဆတ်ဆတ် နာလှပြီ...


ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချစ်သူ


ထုံးလိုမွှေ၊ ရေလိုနှောက်
ခေါက်ချင်ရာ ခေါက်ထားခံရတဲ့သူ အဖြစ်နဲ့
အပြုံးမပျက်နေခဲ့တာ ရင်ထဲက အချစ်တွေ
နင်မြင်ရင် အနှစ်အဖြစ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးနဲ့
ခေါင်းငုံ့လို့ မမြင်ယောင်ဆောင် ဟန်ဆောင်ပြိး အကွက်ရွေ့လဲ
ငါဘက်ကတော့ ချစ်တယ် ဆိုတဲ့စကားထက် နင့်ကို အလေးအနက် ထားခဲ့တာပါ..


ဘဝမှာ
အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ..
မျှော်လင့်နေတဲ့ တစုံတရာ...
နာကျင်တဲ့ အလွမ်း...
ခါးလှတဲ့ ဥပေက္ခာ...
ရင်ထဲက ဆန္ဒ..
ယုံကြည်မှု တံတိုင်းနဲ့
ကာရံမိတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ...။♥♥♥♥♥

နလုံးသားလေးလွမ်းနေတယ်.....





အချစ်ဆိုတာ ပုံအောပေးတိုင်းလဲမကောင်းဘူး
အလွမ်းတွေ ထစ်ချူန်း မိုး ၇ွာသလိုနဲ့
မဖြစ်နိင်တဲ့ ဘ၀တွေ ၇င်ကြားစေ့ဖို့ကလဲ
အဝေးဆုံးမှာပါ…….........ကောင်မလေး၇ာ♥♥♥
အစွန်ပစ်ခံ နှလုံးသားတစ်ခုက
နေသားကျသွားသလိုနဲ့
ပုံအော ပြီး .....မုန်းလိုက်ပြန်တော့လဲ
နှလုံးသားလေး နေမကောင်းဖြစ်တော့မယ်
ကျွမ်း လောင်ဆဲ ၇င်ဘတ်တခု က
အပေါစားစိတ် ဓာတ်များ၇ဲ့
အလယ်မှာ လမ်းပျောက်နေ ဆဲ
မချစ်တတ်တဲ့ နှလုံးသား များ၇ဲ့
အစမ်းသပ်ခံ ပစ်မှတ် တစ်ခု
မဖြစ်ပါ၇စေနဲ့…………ကောင်မလေး၇ာ♥♥♥

တစ်နေ့ နေ့ 


အချိန်တော်ကြာ ကိန်းအောင်းနေရာ
ဒီရင်တစ်နေရာက မင်းနားခိုသွားလို.
ပျက်စီးပစ်ဖို.ခက်တယ်
ရှင်းထုတ်လိုက်ဖို.မလွယ်တော.
ဒီတိုင်းလေးပဲသိမ်းထားလိုက်တာ
ရင်ဘတ်ကြီးကတော.လေးပါရဲ.
ဒါပေမယ်.
ငါ မပင်ပန်းဘူး။

နူတ်မဆက်ပဲ ပျောက်ကွယ်သွားတာ
ပြန်လာမယ်ဆိုတဲ. သဘောလား
ဒါက-ငါ.အထင်မို.
မျော်လငိ.မိတာ ငါမှားတယ်မထင်ပါဘူး
ရူးတယ်လို.တော.ပြောလို.ရတယ်
ဒါပေမယ်.
ငါ ဂရုမစိုက်ဘူး။

မသာမယာ နေရတဲ.ဘ၀မှာ
အတိတ်ပုံရိပ်က အားဆေးတခွက်
မျှော်လင်.ချက် အိမ်မက်တခုမို.
ဖြစ်တာမဖြစ်တာနောက်မှ
စောင်.ရမှာက ငါ.အချစ်တာဝန်တခု
ယုံကြည်ချက်တခုမို.
ပေါတယ်လို.လောင်ရယ်လို.ရတယ်
ဒါပေမယ်.
ငါကတော.မပြောင်းလဲဘူး။

တနေ.နေ.ဆိုတာ
ဘ၀ရဲ.မျှော်လင်.ချက်မို.
တနေ.တရက်မေ.မရတဲ.
ချစ်သူကို
လွမ်းလို.နေရင်း--------------။

အကြည့်တစ်ချက်

အကြည့် တစ်ချက်
ငါ့နှလုံးသားလေး ဖြူစင်ပါလျှက်နဲ.
မင်းရဲ. အကြည်တွေကြောင့်
အရောင်ပြောင်းသွားခဲ့တယ်
အခုငါ့ ကောင်းကင်ကြီးမှာကြယ်တွေမစုံပါဘူး
ကြယ်တွေစုံတဲ့ည
ကောင်ကင်က ကြယ်တွေ ပင်လယ်ထဲခုန်ဆင်း
ကြယ်တွေ မစုံတဲ့ညကောင်းကင်မှာ
ငွေလမင်းကြီး ကိုငေးမျှော်ကြည့်ရင်းငါတစ်ယောက်တည်းဆွေးခဲ့တယ်

အဲလိုနဲ.ဘဲအချစ်ပင်လယ်ပြင်မှာ မီးပြတိုက်တွေထွန်းပြီး
တစ်ယောက်တည်းလင်းခဲ့ရတယ်

နောက်ဆုံးမှာတော့
မျက်ရည်စတွေနဲ့ ..
ကြေကွဲခဲ့ရရှာတဲ့ ငါ့နှလုံးသားလေး
ပြိုလဲပျက်စီးခဲ့တယ်
မျက်ရည်စက် တွေကတော့အချစ်ပင်လယ်ပြင်ထဲမှာ
စီးဝင်သွားတယ်

ငိုကြွေးသံတွေကတော့
ဘယ်သူမှမကြားလိုက်ဘူး................။။

အရှုံးမပေးနဲ့ သူငယ်ချင်း

သူငယ်ချင်း..............................

မင်းအားငယ် နေလား

အားတင်း ထားပါ

အရမ်းဝမ်း နည်းနေလား

မင်းမျက်ရည်တွေ သုတ်ပစ်လိုက်

သူတို့ကမင်းရဲ့စိတ်ဓါတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်

စိတ်ပျက်ေ နပြီလား

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်းပါ

အသည်း ကွဲ နေလား

ဒါဆို ကံကောင်းပြီ

အဲဒီ့ တစ်ယောက် က

အချစ်နဲ့ မတန်သေးဘူး

ဒေါသ မဖြစ်နဲ့

မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ

ပန်းတိုင် ရောက်ပြီလား

တက် မထောင်နဲ့ဦး

နောက် လှေ ကြည့်လိုက်

တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင်

မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်

ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့

သွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား

ရှင်သန်နေထိုင်ဖို့ အတွက် မွေးဖွားလာတာ

မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ .

ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ

ရှေ့ကို ဆက်ပြီး လျှောက်ပါ

နေမ၀င်သရွေ့ ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့

လျှို့ဝှက်ချက်ဖြစ်နေတတ်သော....အချစ်

နင့်ကိုငါ သိပ်ချစ်တယ်ဆိုတာ
နင်ဘယ်တော့မှသိမယ်မထင်ဘူး
နင်ချစ်တာက
နင့်ရဲ့အလုပ်တွေ နင်ရဲ့ဝါသနာတွေ
ငါနင့်ကိုမျှော်နေတဲ့အချိန်တွေမှာ
နင်ငါ့ကိုမေ့နေတတ်တယ်
ငါနင့်ကို လိုအပ်တဲ့အချိန်မှာ
နင်အဝေးရောက်နေတတ်တယ်
နောက်ဆုံး
ငါဝမ်းနည်းနေချိန်မှာတောင်
နင်ဟာ အဖော်ကောင်းတစ်ယောက်
ဖြစ်မနေတတ်ခဲ့ဘူး
အဲဒီအတွက်တော့
ငါနင့်ကို စိတ်နည်းနည်းဆိုးချင်တယ်
တစ်ခါတစ်ခါ
ချစ်သူတွေ ခေါင်းစဉ်အောက်က
နင်နဲ့ငါက သူစိမ်းနှစ်ယောက်ဖြစ်နေတတ်တယ်
တစ်ခါတစ်ရံကျတော့လည်း
ငါက နင့်ကိုနားမလည်ပေးနိုင်သူအဖြစ်
နင်ကငါ့ကို ဥပေက္ခာပြုသူအဖြစ်
ငါတို့အချင်းချင်း မုန်းနေတတ်ကြတယ်
ရင်ထဲကနှလုံးသားကတော့
တည်ငြိမ်အေးစက်သယောင် ဖြစ်နေတတ်တယ်
ဒါပေမယ့်လည်း ငါနင့်ကို သိပ်ချစ်ပါတယ်
နင်ကတော့
နင့်ကိုငါ သိပ်ချစ်တယ်ဆိုတာ
နင်ဘယ်တော့မှသိမယ်မထင်ဘူး.

မင်းစိတ်တိုင်းကျအချစ်♥♥♥

တိတ်ဆိတ်နေတဲ့ညရယ်
Ringtone မမြည်တဲ့ဖုန်းတစ်လုံးရယ်
မျက်ရည်တွေနဲ့ကောင်လေးတစ်ယောက်ရယ်…
ဒီလိုနဲ့ပဲ ညဟာ အကျည်းတန်နေခဲ့တယ်….
နားလည်မှုနဲ့ချည်နှောင်ထားခဲ့တဲ့
သံယောဇဉ်ကြိုးက ဘယ်အချိန်ထိများ
ရစ်ပတ်နေပါ့မလဲ
တွေးရင်းရူး
ရူးသွားမယ်ဆိုတောင် တွေးနေခဲ့မယ့်သူပါ
လိုရင်ချစ် မလိုရင်ပစ်မယ်ဆိုတောင်
ငေးကြည့်ရုံမှအပ
မတတ်နိုင်ခဲ့သူဆီက
ဘာတွေများလိုချင်သေးလဲ
အပြုံးတွေနဲ့လည်း သူပြုစားဖူးတယ်
စကားလုံးတွေနဲ့လည်း အိပ်မက်တွေကို
သူသိမ်းပိုက်ဖူးတယ်
အကြိမ်ကြိမ် အခါခါ
သူ့ဆီမှာ အထပ်ထပ် ကျရှုံးဖူးတယ်
ဒါနဲ့များ ဒါနဲ့များလေ
ငေးကြည့်ရုံမှအပ
မတတ်နိုင်ခဲ့သူဆီက
ဘာတွေများလိုချင်သေးလဲ
ချစ်သူရယ်...♥♥♥

အဓိပ္ပါယ်ရှိတဲ့ အပြုံး

ဘယ်ကို သွားရမှာလဲ လို့ မေးတော့မှ
ဘယ်က ခရီးဆက်လာတာပါ လိမ့်လို့ ဆန်းစစ်မိတယ်။
လုံးပန်းနေရတာ ဝမ်းစာတွက်
ဘယ်ကို သွားနေမှန်းမသိတော့ဘူး။

ရှိခြင်း နဲ့ မရှိခြင်း အလွှာပါးပါးလေးကို
ဖောက်ထွက်လို့ မရတော့
စိတ်ဓါတ်တွေ ဟာ ကမ္ဘာမြေအောက်ဆီမှာလေ။

သံယောဇဉ်...လား
မမြင်ရလိုသာ တော်တော့တယ်
ချည်နှောင်ထား လိုက်တာများ
နှလုံးသား တစ်ခုလုံး ပေါက်ထွက်မတတ်။

ဘာမှ မသိတဲ့ စိတ်တခုနဲ့
ဘဝ တစ်ခုကိုရှာကြည့်တော့

ဝမ်းစာ ကိုရှာစရာ မလိုတဲ့အရပ်
ဝမ်းနည်းစရာ မရှိတဲ့ အရပ်
ဝမ်းသာစရာ လဲ မလိုတဲ့ အရပ်
မနာလို၊၀န်တို မှုတွေကင်းတဲ့ အရပ်
မုတိတာလဲ ပွားစရာ မလိုတဲ့ အရပ်
ခိုက်ရန် ဖြစ်ပွားမှု မရှိတဲ့ အရပ်
ချစ်ခြင်းမေတ္တာ လဲ ကင်းတဲ့ အရပ်
လွှမ်းဆွေးခြင်း မဲ့တဲ့ အရပ်
နာကျင်ခြင်း ကင်းတဲ့ အရပ်
လိမ်ညာခြင်း တွေကင်းတဲ့ အရပ်
ဘာမှ မရှိတဲ့ အရပ်.............မဟုတ်ဘူး
မရှိတာတောင် မရှိတဲ့ အရပ် မှာ ငါ....။
ငါ လဲ မရှိတဲ့ အရပ်မှာပေါ့။
ဘဝ ရှိနေချင်တယ်။

ယုံပါ....။
ငါလေ....။
အတမာနတွေ ခွာချ
အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့
လူတိုင်းကို ပြုံးပြချင်တယ်။

Saturday, July 28, 2012

♥♥♥ဖြောင့်ချက်♥♥♥



 ဂန္တဝင်မှာ စာမတင်ချင်ဘူး

ငါ့သမိုင်းမှာလဲ အမှောင်မကျစေဘူး

တကြိမ်သာ ကြွေဆင်းခဲ့ပေမယ့်

ငါ့အိမ်မက် အရောင်မညစ်ခဲ့ပြန်ဘူး

စုံကမ်းခဲ့လို့ အတွေ့ ဆိုးများက

ဒီနေ့ထိ ခြောက်ခြားနေဆဲပဲ

ကြေကွဲခြင်း အတိတ်တွေကြောင့်

ရင်ခုန်သံအသစ် ပျက်ယွင်း

ဖြူစင်မှုကို အင်္ဂါမစုံစေမှာတဲ့လား

ငါ…………..

ငိုကြွေးနေဆဲ

ငါ…………..

ပျော်မြူးနေဆဲ

ဒီခြားနားချက် နှစ်ခုကြား

အလွမ်းသင့်ဒဏ်ရာပေါ်

လွဲချော်မှုတွေ ထပ်ဆင့်ပြီး

အထိန်းအကွပ်မဲ့စွာ လွင့်မျောနေတဲ့

လက်ကျန် အတောင်တစ်ဖက်တော့

ဒီတစ်ခါ…………..

အရှိန်ပြင်းပြင်း မရိုက်ခတ်ပါရစေနဲ့ ။

**..အညတရရဲ့ချစ်ပုံပြင်....***




နှစ်နှစ်ကာကာချစ်ရပါလည်း...

အပြစ်ရှာသူမုန်း...

သစ္စာဆုံးတော့...

အရှုံးသမားရဲ့နှလုံးသားမှာ...

ဒဏ်ရာဗလပွနဲ့...

တရွာသားမို့မင်းမယုံရဲရင်...

အစတည်းကမုန်းတဲ့အကြောင်းတော့မင်းပြောပြသင့်တယ်...

အခုတော့မင်းပေးခဲ့တဲ့ဂတိစကား...

စုတ်ချက်မရှိတဲ့...

ပန်းချီကားတချပ်ကို...

ဘာအရုပ်ထွက်မလည်းလို့....

စောင့်ကြည့်နေခဲ့ရသူမှာ...

ဝေဒနာကမဖြေသာ...

အမည်တပ်မရတဲ့ဒဏ်ရာတွေနဲ့....

ချက်တင်ရှေ့ကထိုင်ခုံလေးပေါ်မှာ...

ငါ့နှလုံးသားကိုနေရာချ...

မဟူရာညနက်နက်တွေကို....

ငါရင်နာနာနဲ့ဖြတ်ကျော်ရအုံးတော့မယ်......။

နောက်ဆုံးအသိ

  မင်းကို ငါထားခဲ့ရတော့မယ်ဆိုတော့
ငါရင်နာတယ်
အဲတာဟာ ကြောက်စရာကောင်းတဲ့ သစ္ဆေတစ်ကောင်လိုလာ
ငါထင်တာ မင်းနဲ.မအတူ နှစ်ပေါ်င်း ယုဇနာများစွာနေကြမယ်
အခုတော့ ခွဲးသွားတော့မယ်ပေါ့

ဒါဟာ ငါ့ရင်တစ်ခုလုံးကို ကြေကွဲစေတယ်
နောက်ဆို ငါမဟုတ်တဲ့ သူတစ်ယောက်က
မင်းကို ဆက်လက်ခရုစိုက်နေမှာပါ
ဒါပေမယ့် သူတို.ဟာ ငါ့လောက်တော့ ဟုတ်မှာ မဟုတ်ဘူး
မင်းဟာ ငါ့ကိုယ်ခွဲးလေးပါ
တာဟာ လူတိုင်းသိဖို.
ငါဟာ မင်းမသိအောင်
မင်းနားမှာ ကမ္ဘာဆုံးထိ နေပေးမှာပါ
နောက်ဆိုရင် ငါ့မှတ်ညဏ်တွေကို
သော့ခတ်လိုက်တော့မယ်
ပြီးတော့ ငါ့နှလုံးသားမှာ ထာဝရသိမ်းထားတော့မယ် ။။

သေပျော်ပါတယ်ချစ်သူ

 
ရပါတယ်..
ငါ့ကိုမေ့ထားပါ 
နင်လိုအပ်တဲ့အချိန်မှသတိရလဲ 
ငါကျေနပ်နေမှာ

ရပါတယ်..
ငါ့ရင်ကိုသာ နင်းချေသွားပါ 
တချိန်ကအတူရှိခဲ့ရက်တွေသတိရရင်း
ငါပျော်နေမှာ.... 

ရပါတယ်..
ငါ့ကိုထားခဲ့ပါ
 နင့်အတွက်ပေးဆက်ရလို့ 
 ငါပျော်နေမှာ....

ရပါတယ်..တိုက်ဆိုင်မူရှိခဲ့လို့ 
တရံတခါ ငါ့ကိုသတိရနေမယ်ဆိုရင်

ငါသေပျော်မှာပါ....

အိနိုအတွက်လက်ဆောင်

အိုမေမေရေ......
ဆည်းလည်းတစ်ခုစကားတစ်ခုနဲ့ ....
အတိတ်အိမ်မက်တွေထဲ........
နှစ်ပေါင်းတစ်ရာတိုင်အောင်......
မင်းရှိဖို့ အရေး..........
တကယ်ချစ်တာပါဆိုတဲ့.......
ဇာတ်လမ်းထဲကချစ်သူ တစ်ယောက်ဖြစ်တဲ့.......
ကိုးယောက်မြောက်ချစ်သူကို....
လမ်းမှားမယ်ပြောပြီး........
လမ်းခွဲကာ...
.ကျောခိုင်းလိုက်ပြီ....
ဟေးယူ.........
မင်းအတွက်ကြေကွဲရပါတယ်ကွာ.....

                          ရွှေဘိုသူလေးရေးသားခြင်း

Friday, July 27, 2012

ချစ်သူအပြုံး



စိတ်ကူးတွေထဲ တစ်စုံတစ်ယောက်
ရောက်လာတဲ့ အခါတိုင်းငါ ပြုံးမိတယ်
အဲဒီသူက မင်းဖြစ်နေတာကြောင့်ပါ ..
အတွေးတွေထဲ မင်းရောက်လာတိုင်း ..
မင်းရဲ့ ဂရုစိုက်မှုလေးတွေ ပြန်တွေးမိတိုင်းလဲ ငါ ပြုံးမိတယ် ..။

အချစ်တွေနဲ့ ပြုံးတယ် ..
ကြည်နူးမှုနဲ့ ပြုံးတယ် ..
ဂရုစိုက်မှုကြောင့် ပြုံးတယ် ..
ပျော်ရွှင်မှုကြောင့် ပြုံးတယ် ..

မင်းပေးတဲ့ ပျော်ရွှင်မှုကြောင့်
မင်းပေးတဲ့ ဂရုစိုက်မှုတွေကြောင့်
မင်းနဲ့ တူတူရှိနေရချိန်မှာ
နာကျင်မှုနဲ့ မျက်ရည်တွေမရှိလို့ ငါပြုံးခဲ့တယ်လေ ..။

ရှူရှိုက်လိုက်တဲ့ လေထဲမှာ
မင်းအချစ်တွေရှိနေမယ်လို့ တွေးရင်း ငါပြုံးတယ်
မင်းအချစ်ကြောင့် ကြောက်ရွံ့မှုတွေ
ဝေးကွာသွားပြီလို့ တွေးရင်း ငါပြုံးတယ် ..။

မင်းရဲ့ အပြုံးလေးကို
မြင်ယောင်တိုင်း ငါ ပြုံးမိတယ်
မင်းကြောင့်ငါ့မျက်ရည်တွေ
ပျောက်ကွယ်ခဲ့ရတာ တွေးမိတိုင်းငါပြုံးမိတယ် ..။

ငါ့ရဲ့ နောက်ဆုံးအပြုံးဆိုတာ မင်းကြောင့်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးဟာလဲ မင်းအတွက်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးက မင်းအပေါ်မှာ ယုံကြည်ခြင်းကြောင့်ပဲ ဖြစ်ရမှာပါ
နာကျင်မှုတွေမပါတဲ့ အပြုံးမျိုးပဲ ဖြစ်စေရမှာပါ ..။

အခုပြုံးနေတာလဲ မင်းကြောင့်ပါ
အခုပြုံးနေတာဟာ မင်းရဲ့ ဂရုစိုက်မှုကြောင့်ပါ
အခုပြုံးနေတာက မင်းနဲ့ တူတူရှိနေပြီး
နာကျင်မှု မျက်ရည်တွေ ကင်းစင်သွားလို့ပါ ..

ကောင်လေးကကောင်မလေးကိုဆွဲဆောင်နည်း


၁။ သူမကို ချီးမွမ်းပေးပါ
၂။ သူမကို ညင်သာစွာလေး နမ်းပေးပါ
၃။ သူမကိုပဲ ဂရုစိုက်ပါ
၎။ သူမကိုပဲ ချစ်ပါ
၅။ ကြင်နာစွာ ဆက်ဆံပါ
၆။ သူမရှေ့မှ မားမားမက်မက် ရပ်ပြီးကာကွယ်ပေးပါ
၇။ လက်လေးကိုင်ထားပါ
၈။ သူမအတွက်ပဲ ပိုက်ဆံကိုသုံးပါ
၉။ ညစာတွေကိုသူမနဲ့အတူစား ၊ ၀ိုင်ကိုသောက်
၁၀။ သူမပြောသမျှကိုပဲနားထောင် ပြန်မပြောနဲ့
၁၁။ လိုအပ်တဲ့အချိန်တိုင်း သူမဘေးမှာရှိနေ
၁၂။ သူမလိုသမျှ ဖြည့်ဆည်းပေး
၁၃။ သေတပန် သက်တဆုံး သူမတစ်ယောက်ထဲပဲ လက်တွဲပါ...


ကိုမင်းခန့် သူကဗျာ တားကြိုက်လို့ ဆွဲလိုက်တာ ပါခင်ဗျာ

***ဒဏ်ရာသစ်***



ချစ်သူရယ်.......
မင်းအကြောင်းတွေ တွေးလိုက်မိတိုင်း
ဖေဖော်ဝါရီရဲ့ အေးစက်စက် နှင်းခဲတွေလို
... င့ါ သတိရခြင်းတွေလည်း
တဖျောက်ဖျောက်ကျနေခဲ့။
ချစ်သူ..................
ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေက
မိုးတိမ်တစ်ခုလို
ရွာချလိုက်ရုံနဲ့
အသစ်ပြန်ဖြစ်လာမယ်ဆိုရင်
ငါ.. မြတ်နိုးခဲ့တဲ့ မင်းကို
အလွယ်တကူ လွှတ်ချလိုက်ရုံပေါ့
အခုတော့ ချစ်သူရယ်.............
နမ်းခွင့်မရတော့တဲ့ ဆုံးရှုံးခြင်းတွေထဲမှာ
တကယ်တော့ အလွမ်းဆိုတာ...............။
 
 

onlineမမ"


မမ...
မျက်နှာမြင်ခွင့်မရပေမယ့်
မ...ပုံရိပ်တွေ တမ်းတ
မှန်းဆကြည့်ဘူးတယ်.....။
မမ...
စကားသံချိုချိုကြားခွင့်မရပေမယ့်
မ...နှုတ်ဖျားက သံစဉ်ကို
စိတ်ကူးနဲ့ နားဆင်ကြည့်ဘူးတယ်.....။
မမ...
ရင်... ရင်ချင်းကပ်
ပါးမအပ်ဘူးပေမယ့်
မောင်...နှလုံးသားက
ခု...လွမ်းဖျား ဖျားနေတတ်ပြီ.....။
မမရေ...
onlineထဲတွေ့ဆုံခဲ့ကြတာဆိုပေမယ့်
လှေနံဓားထစ်
မ...ကို မောင်...ချစ်မိနေပြီဆိုတာပါပဲ.....။ 
          (  ကိုညီထွေးရေးသားချင်း)

ကျေနပ်ပါတယ်ချစ်သူ





မင်းကိုသတိရလွန်းလို့
တမ်းတမှုတွေနဲ့ နလန် မထူနိုင်တဲ့နေ့တွေမှာ
မင်း........ငါ့ကိုမေ့နေမှာပါ ။
မင်းကိုချစ်ရလွန်းလို့
လွမ်းဆွတ်မှုတွေနဲ့  ငါသွေးပျက်လို့ရူးနေချိန်မှာ
မင်း......တခြားမှာပျော်နေမှာပါ ။
မင်းကို မေ့မရလို့
ညဥ့်နက်သန်းခေါင်  ကဗျာတွေရေးရင်း
ငါငိုနေချိန်မှာ
မင်း... အိပ်မက် လှလှ မက်နေမှာပါ ။
အဝေးကြီးကနေ
မတော်တဆ ယောင်ယမ်းပြီးများ
မင်းအတွေးထဲ  စက္ကန့်ပိုင်းလောက်
ငါရောက်ခဲ့ရင်
မင်း....ပြုံးနေလိုက်ပါ ။
ငါ့ အချစ်က   မင်းကို
ရယ်စရာတစ်ခု ဖြစ်စေခဲ့မယ်ဆိုရင်ပဲ
သေရာပါမယ့် အလွမ်းဒဏ်ရာတွေနဲ့
နာကျင် ၀မ်းနည်းစွာ
                                                                 ငါ..... ကျေနပ်နေမှာပါ ။
                                                                                   

လွမ်းတယ်ချစ်သူရယ်

                                                                          
 



                                                      ဟိုးတစ်မြေ ဆီက
သိပ်ချစ်ရတဲ့ ချစ်သူလေးကို
နေ့တွေအဆက်ဆက်
လွမ်းရတာလဲ
မောလှပြီ ချစ်သူရယ်.....
ပြန်လာချိန်ကို
ရေတွက်ရတဲ့နေ့တိုင်း
ခဏခဏ နဲ့မို့
မိုးရာသီရဲ့ ဂျူလိုင် မိုးစက်လေးတွေတောင်
သတိမထားခဲ့မိဘူးပေါ့..
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်
ကုန်လွန်ပြီ  ချစ်သူရေ.....
မင်း ငါ့ဆီကိုရောက်မလာနိုင်သေးဘူးနော်..
လွမ်းရလွန်းလို့ညတိုင်း
ငါနဲ့အတူတူ မိုးစက်လေးတွေတောင်
အိပ်စက်ဖို့မေ့နေကြတယ်
မင်းမလာမှန်းသိပေမယ့်လည်း
မျှော်နေမိတဲ့ ငါ့စိတ်တွေကို
ဂျူလိုင်မိုးစက်တွေထဲမှာ နှစ်ထားရတော့မှာလား
ပြန်လာပါဦး ချစ်သူရယ်
                                                          ငါလွမ်းလွန်းလို့ပါနော်.............။

ကြယ်လေးများရဲ့ ဒိုင်ယာရီ

မင်းရယ် ငါရယ်
ကာရံတူတည်ဆောက်ထားတဲ့ ဒီကမ္ဘာကြီးထဲမှာပေါ့ . . . . .
လူထူထူ အကြည့်စိမ်းတွေများတဲ့
နေ့အလင်းထုတွေအောက်မှာ
တည်ဆောက်ထားတဲ့ ခံယူချက်တွေ
ခိုင်မာနေလိုက်ပုံများ
မာလွန်းတဲ့ ကျောက်ဆောင်တောင်
အရှုံးပေးလောက်ရဲ့
အစီအစဉ်မကျတဲ့ ရက်စွဲတွေကြားမှာ
(ငါတို့) သဏ္ဍာန်တူစီးမျောနေကြရင်း
အခုဆို ကကွက်တွေ လှပလာခဲ့ပေါ့
ဘယ်ခါ မမောနိုင်ပါဘူးလေ . . . . .

တစ်ခါတစ်လေမှာ တစ်ယောက်တည်းရှိတိုင်း . . . . .
ဝိုးတ၀ါးအမှောင်ထု ပိန်းပိတ်အောင်ရှိတဲ့
ညဥ့်နက်နက်တွေမှာ
ကာရံမထားတဲ့ အလွမ်းတွေ
ပြေးလွှားနေကြပုံများ
ဖိုးရွှေလမင်းတောင်
ထိုင်ငေးနေရရဲ့
အလီလီသွားနေတဲ့ နာရီလက်တံတွေကြားမှာ
(ငါတို့) အြံကိတ်ခံ နာကျင်နေရင်း
အခုဆို အတော်ခံနိုင်ရည်ရှိလာပေါ့
ဘယ်ခါ မပျောက်ပျက်ပါဘူးလေ . . . . .

ဒါပေမယ့်လည်း . . . . .
တိမ်ပန်းချီတွေဖွေးဖွေးလှုပ်နေတဲ့
ညနေခင်းတွေမှာ
အနားသတ်မထားတဲ့ ချစ်ခြင်းတွေ
ပြန့်ကြဲနေကြပုံများ
အိပ်တန်းတက်ငှက်တွေကတောင်
ရှောင်ပြေးနေရရဲ့
တရွေ့ရွေ့ပြောင်းနေတဲ့ သက္ကရာဇ်တွေကြားမှာ
(ငါတို့) အလိုက်သင့်စီးမျောနေရင်း
အခုဆို အတော်ခရီးရောက်လာခဲ့ပါပေါ့
ဘယ်ခါ မမေ့နိုင်ပါဘူးလေ . . . . .

Thursday, July 26, 2012

သူ့ကိုချစ်မိသွားလို့ပဲ

၁။ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။

၂။ အားလပ်တဲ့အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလည်း သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။

၃။ သူနဲ့ပတ်သတ်သမျှအ၇ာအားလုံးကို နေ့ တိုင်း နေ့တိုင်း ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။ 

၎။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေကိုယ့်ဖုန်းကို ဖွင့် ထားပြီး သူ့ဆီက Message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပဲ။

၅။ သူနဲ့အတူ နှစ်ယောက်တည်းစကားပြောရတာကို နှစ်သက်တယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပဲ။

၆။ အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပြင်းလိုက်ရှာတတ်တာ သူ့ကိုချစ်မိသွားလို့ပဲ။

၇။ သူ ဖျားနေရင်း ထိခိုက်ဒဏ်ရာရလာရင် လိုတာထက်ပိုစိုးရိမ်မိရင် သူ့ကိုချစ်မိသွားလို့ပဲ။

၈။ တခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလိုသ၀န်တိုမိရင် သူ့ကိုချစ်မိသွားလို့ပဲ။

၉။ သူ့ရဲ့ ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေ၇င် သူ့ကိုချစ်မိသွားလို့ပဲ။

၁၀။ သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကိုချစ်မိသွားလို့ပဲ။

၁၁။ သူပေးတဲ့လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ်ဆိုရင်လည်း သူ့ကိုချစ်မိသွားလို့ပဲ။

၁၂။ သူနဲ့ Chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ သေချာပါတယ်။

သူ့ကိုချစ်နေလို့ပါပဲ။

ငါ့ဘဝနဲ့ရင်းပီးချစ်တယ်



ထပ်ပြီးမညာပါနဲ့

ချစ်တယ်....ချစ်တယ်ဆိုတဲ့စကားကို..ထပ်ခါထပ်ခါ

ပြောနေ့ပေမယ့်....ရင်ထဲကမပါခဲ့မှန်းသိခဲ့ပါတယ်.....

မင်းရဲ့အကြောင်းတွေကို..မသိခဲ့မဟုတ်ခဲ့ပါဘူး...

မသိချင်ယောင်ဆောင်ခဲ့တာကဘဲ..ငါ့အပြစ်ဖြစ်သွားတာပါ....

မင်းရဲ့သတင်းတွေငါသိမှာစိုးလို့.. လိုက်စုံစမ်းမနေပါဘူး...

အဲဒါလေး.ငါ့ကွယ်ရာမှာ..ဘာတွေလုပ်လုပ်ငါခွင့်လွှတ်ပြီးသာမို့ပါ...........

နင်ကငါ့ကိုစိတ်ကုန်နေတာလဲသိခဲ့တယ်.....ငါကိုကမင်းအနားမထွက်သွားချင်တာပါ....

ငါစကားတွေ..ငါအမူတွေကြောင့်...မင်းဝန်လေးနေမှာပေါ့.....ငါမင်းကိုစချစ်ခတည်းက....

မင်းပျော်နိုင်အောင်ဘဲလုပ်ပေးချင်တာပါ......

အားနာနေလားချစ်သူ....မင်းအချစ်တွေငါ့အတွက်မဟုတ်ခဲ့ရင်လဲ..ငါ့ကို

ဟန်ဆောင်ပြီးမပေးပါနဲ့....ငါမလိုဘူး...

နင်လည်နင်မာနနဲ့....ငါလဲငါ့ဘ၀နဲ့ငါ့မာနရှိပါတယ်...

အယောင်အဆောင်ကြားနေရတာထက်.....လက်ရှိဘ၀ကငါ့အတွက်ပိုကောင်းတာမို့...

နင်ငါ့ကိုထပ်ပြီမညာပါနဲ့တော့.....ချစ်သူ.............

အလွမ်းတွေ ပါးပါး..အချစ်တွေ များများ..........




လေပြေတွေ

တိုက်ခတ်လာတိုင်း နင့်ရနံ့တော့

ပါလာတတ်စမြဲပါပဲလား ချစ်သူ....

နွေရောက်ရင်တော့

ဥသြတွန်တာ သဘာဝတော့သဘာဝပေါ့...

အလွမ်းဒတ်ခံရှိတဲ့ ကိုယ့်အတွက်တော့

ချစ်တယ်ပြောခဲ့တဲ့ မင်းနှုတ်ခမ်းပါးပါးကို

အတိတ်က ရွှေထီးဆောင်းခဲ့သလိုလိုနဲ့...

နောက်ဆုံး....

မင်းပြန်လာမယ့်နေရာမှာ

ငါ့ရဲ့ အလွမ်းခပ်ပါးပါးတော့

ဖြူးထားခဲ့တယ်...

သိမ်းဆည်းထားတဲ့

သဲသောင်ပြင်ရင်ခွင်ထဲက ငါ့အချစ်တွေကိုတော့

ဥသြငှက်လေးက ပြောရှာတယ်....

'ခင်ဗျားအချစ်တွေကိုတော့ ပြန်ယူသွားပါ'တဲ့...

ဟုတ်တယ်...

ပျောက်ပျက်မသွားနိုင်ပေမယ့်

ဟောင်းနွမ်းသွားနိုင်မယ့် အချစ်ကိုတော့

ရင်ခွင်ထဲမှာဘဲ သိမ်းထားခဲ့တယ်....

ချစ်သူ...

ပြန်လာချင်တဲ့အချိန်တိုင်း အရင်နေရာလေးကို

လှမ်းလာခဲ့လိုက်....

အလွမ်းခပ်ပါးပါးလောက်ပဲ တွေ့ရလို့

နောက်လှည့်မသွားလိုက်ပါနဲ့...

မင်းအတွက်အချစ်တွေက

ဟောဒီရင်ခွင်ထဲမှာလေ.....

ဘယ်နေရာမှာမှ မရှိဘူး...အရင်နေရာမှာပဲ....

မင်းချစ်ပါတယ်ဆိုတဲ့

ရင်ခွင်ကြီးကတော့ အမြဲတမ်းစောင့်လို့ပေါ့.....တသက်လုံးစောင့်နေမှာတဲ့လေ...

နာကျင်စ၇ာနှလုံးသားလေး

♥♥♥မင်းပျော်ရွှင်နေလို့.
.ငါမျက်ရည်ကျတယ်နေရတယ်
ချစ်သူရေ..
မင်းရဲ့ ဥပက္ခာပြုမူကြောင့်..
ငါ့အသဲတွေလည်း...
တဆစ်ဆစ်နဲ့ နာကျင်ဆွေးမြည့်နေပြီ...
.သေလုမျောပါး..
သွေးမျက်ရည်နဲ့ ဖက်တွယ်နေတဲ့..
ငါနှလုံးသားလည်းကြေမွပျက်စီးသွားပီ
ကောင်မလေး၇ယ်

MCK@UNG L@Y(ကျေးဇူးဆပ်မည့်စကားများ)

MCK@UNG L@Y(ကျေးဇူးဆပ်မည့်စကားများ)
-------------------------------------------------------------------------------------
♣♣ကျေးဇူးဆပ်ခြင်း♣♣
''ကျေးဇူးတင်ပါတယ်...''

ရှင်သန်ခွင့်ရတဲ့  အချိန်တိုင်းကို..

ကျေးဇူးတင်နေမိပါတယ်..။

ချစ်မြတ်နိုးခွင့်ပေးတဲ့ .ချစ်သူတွေကိုလည်း..

ကျေးဇူးတင်ပါတယ်..။

... ရင့် ကျက်ခွင့်ပေးတဲ့ ရန်သူကိုလည်း..

ကျေးဇူးတင်မိပါတယ်...။

ကိုယ့် ကို..ပိုအစွမ်းထက်မြက်စေတဲ့ ..

ပြိုင်ဖက်ကိုလည်း..

ကျေးဇူးတင်မိပြန်ပါတယ်...။

-----------------------------------------------------------------------------------

☻☻ငါတို့တွေဝေးပြီးရင်းဝေး.....☻☻

အတောင်ရှိရက်နဲ့
ပျံသန်းခွင့်မရတဲ့ဘ၀ပါ
နှင်းဆီတစ်ငုံပွင့်အာလာမယ့်သဏ္ဍာန်နဲ့
နင့်နှုတ်ခမ်းအစုံက
ပေါက်ကွဲစေနိုင်တဲ့စွမ်းအားတွေမရှိပါပဲ
ငါ့ရင်မြေတစ်ခုလုံးဝုန်းဒိုင်းကြဲလို့။
ကြယ်စင်တွေကိန်းဝပ်နေတဲ့
နင့်မျက်ဝန်းအစုံနဲ့ထိခက်မိတိုင်း
ဘ၀ကအမှောင်တွေအလင်းသင့်လာသလိုလို
ပဒုမ္မာကြာဖူးလေးက
လရဲ့အရောင်ကိုသစ္စာရှိစွာမျော်လင့်သလို
ငါလည်းနင့်အလာလမ်းမှာသစ္စာရှိစွာ
နင့်အလှတရားတွေက
ငါ့အတွက် ပဉ္စလက်ကကြိုး
ခြားနားထားတဲ့ကန့်လန့်ကာတွေကိုမေ့
ငါတို့တစ်နေ့ပေါင်းဖက်ရမလိုလို
ရူးသွပ်ခြင်းနှလုံးသားရဲ့ဆန္ဒကိုပြောပါတယ်
တကယ်တော့
ချစ်ခြင်းတရားတစ်ခုရဲ့စုံမှတ်ဟာ
ရင်ခုန်ခြင်းနဲ့နားလည်မှုဆိုတာ
ငါ အသဲမကွဲခင်ကသိဖို့ကောင်းတယ်
အခုတော့
ခြားနားတဲ့ဘ၀နဲ့
ကာရန်တဲ့ဂုဏ်ငွေတွေကြောင့်
ငါတို့တွေ
ဝေးပြီးရင်းဝေး…………

Gtalk မိတ်ဆွေ

သူနဲ့မင်းနဲ့
မည်သို့မျှပင် သိစေကာမူ
စကားအနိုင် မပြောလေနဲ့ ။

သူနဲ့မင်းနဲ့
မည်သို့မျှပင် ခင်စေကာမူ
မာနစကား မပါစေနဲ့။

မင်းတို့သူတို့ ပြောတဲံ့စကား
ခင်တယ်ဆိုတာ ပလူပျံအောင်
ကြားမိသော်ငြား
အမှန်စင်စစ် စိတ်ရင်းစိတ်မှန်
ရေစစ်နဲ့သာ စစ်ခဲံ့ပါမူ
များစွာရှိလှ နှစ်ခွန်းလောက်သာ
ကျန်ခဲ့ပေမယ် ။

သို့ပါသောကြောင့်
ပြောသောစကား ဆယ်ခွန်းရှိလျှင်
ယုတ်ဆွအဆုံး
နှစ်ခွန်းလောက်သာ လက်ခံစေ၍
စဉ်းစားချင့်ချိန် ဆုံးဖြတ်ပါလေ ။
Related Posts Plugin for WordPress, Blogger...