Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: August 2012
Tuesday, August 28, 2012
အချစ်=အလွမ်းဆိုသလို အသဲကွဲခြင်း
အချစ်=အလွမ်းဆိုသလို
ငါဆိုတဲ့ကောင်ကလဲ
မင်းဆိုတဲ့ ကောင်မလေးနဲ့ 
စပီးတွေတော့မှပဲ
ငါ့ရဲ့ ရင်ဘက်ထဲက
အချစ်တွေကရှင်သန်နိုးထလာတယ်
ငါဘယ်လောက်ထိမင်းကိုချစ်လဲဆိုရင်
နိုင်းပြလို့ တောင်မရဘူးကောင်မလေးရယ်
ဒါပေမယ့် မင်းငါ့ကို
ငါချစ်သလို ပြန်မချစ်နိုင်တာတော့
ငါ အရမ်းဝမ်းနည်းကြေကွဲရတယ်
ဘာဖြစ်လို့ များငါ့ကို
ငါချစ်သလောက်မချစ်နိုင်တာကို
နေ့ တိုင်းလို လို ငါစဉ်းစားနေမိတယ်
အချိန်တွေကြာမြင့်လာတာနဲ့ အမျှ
ငါချစ်သလောက်ပြန်ချစ်လာနိုင်မယ်လို့ 
ငါ့မျှော်လင့်ထားတယ်
မျှော်လင့်ရင်းနဲ့ အလွမ်းမီးပင်လယ်မှာ
ငါတစ်ယောက်တည်း
လှေတစ်စင်းနဲ့ လှော်ခက်ရင်းမှာ
မင်းရောက်လာတော့ငါအရမ်းကျေနပ်သွားတယ်
ဘာလို့ လဲဆိုတော့ငါ့ကိုချစ်လွန်းလို့ 
လိုက်လာတယ်ဆိုတာကိုသိလိုက်ရလို့ ပါပဲ
အချိန်တွေကြာလာတာနဲ့ အမျှ
မင်းကိုငါဖုန်းတွေဆက်
ဖုန်းတွေထဲ စကားပြောသီချင်းတွေဆိုချော့သိပ်
Gtalk မှာလည်းသီချင်းတွေဆိုရင်း
တို့ နှစ်ယောက်အတူတူ
ပျော်ရွှင်ကြည်နူးခဲ့ရတာကတော့
အမှန်တကယ်ပါပဲ ကံဆိုးမိုးမှောင်ကျတဲ့နေ့ ကတော့ကွာ
ဒီနေ့ လိုနေ့ မျိုးမှာ
မင်းတကယ်ရည်ရွယ်ထားတဲ့သူက
ငါမပာုတ်ဘူးဆိုတာကိုငါသိလိုက်ရလို့ 
ငါချက်ချင်းပဲအရမ်းဝမ်းနည်းခဲ့တယ်
မင်းကတော့ငါငိုနေတာကိုမြင်နိုင်ပါ့မလား
မင်းခိုင်းချင်သလို ခိုင်း
လို ချင်တာကို မရသလိုလိုနဲ့ 
ငါဆိုတဲ့ကောင်ကို နွားလို
အသုံးကျခံခဲ့တာငါ့ရဲ့ ဘဝတွေက
မင်းအသုံးချခဲ့တာကိုငါ ကျေနပ်ပါတယ်
ငါမင်းရဲ့ စိတ်နဲ့ အိပ်ပျက်ညတွေးလည်းမျာပါပီ
ဒါကြောင့် ငါ့ထက်ချစ်နိုင်မယ့်သူရဲ့ ရင်ခွင်မှာ
မင်းမှေးစက်နားခိုပါတော့     
တစ်နေ့ နေ့ ပေါ့
ငါ့နောက်ကွယ်မှာ ဘယ်သူနဲ့ 
တွဲနေလဲငါမသိခဲ့ဘူး
ရင်ထဲမှာတော့
အစဉ်အမြဲခံစားနေရတယ်
မင်းလေးရဲ့ 
ဘဝကတော့အေးချမ်းနေတယ်
ငါဘဝကတော့နေလိုပူနေတယ်
ခက်ခဲကြမ်းတမ်းနေတယ်
ထမင်းတောင်နပ်မမှန်
တစ်ချို့ ကိစ္စတွေကိုတော့
မင်းလေးကတော့လက်ခံ
ဒါပေမယ့် နောက်တစ်ယောက်
ရှိတာကိုငါ့ကိုအသိမပေး
ငါဆိုတဲ့ကောင်က
ချစ်မိသွားတာ အပစ်လား
မင်းစိတ်ကြိုက်လုပ်နိုင်တယ်
ခွဲချင်ခွဲ နွားသလိုခိုင်းချင်ခိုင်း
ပတ်သက်တာတွေကိုပြန်ကြည့်မယ်ဆို
ငါ့ဘက်က မင်းလေးအပေါ်
ဘာအမှားတစ်ခုမှမလုပ်ခဲ့ဘူး
မင်းချစ်သူရှိတာတောင်
ငါ့နဲ့ အီသေးတယ်
ငါနားလည်ပေးပါတယ်
မင်းပျော်ရွှင်ရင်ငါကျေနပ်ပါတယ်
အရင်ကဖြစ်ခဲ့တဲ့ဇာတ်လမ်းကို
မင်းခေါင်းထဲကနေ
ထုတ်ပစ်လိုက်ပါတော့ကွာ
လမ်းမှာတွေ့ ရင်လည်း
မသိသလို မျက်နှာနဲ့ နေလိုက်ပါ
အမျိုးမျိုးတက်နိုင်လွန်းတယ်
နင့်မာယာတွေက
အရမ်းကိုကြောက်ဖို့ ကောင်းတယ်
ငါလည်းနင့်ကိုမေ့ ပစ်လိုက်နိုင်ပါတယ်
တစ်နေ့ နေ့ ပေါ့
အရှုံးသမားတစ်ယောက်ပါ
မင်းလေးနဲ့ ပတ်သက်လာရင်
ငါကအရှုံးသမားတစ်ယောက်ပါ
တကယ်ချစ်တဲ့သူကရှုံးတယ်ဆိုတဲ့
စကားကအရမ်းမှန်ပါတယ်....
မင်းလေးလုပ်ချင်တာကို
ဘယ်သူ့ မှမကြည့်ပဲလုပ်တတ်တဲ့
ကလေးဆန်တဲ့
မင်းလေးလုပ်ရပ်တွေက
ငါ့အတွက်တော့
စိတ်တိုရခက်တယ်အချစ်ကလေးရယ်
ဒါပေမယ့်
မင်းလေးချစ်သူတစ်ယောက်အနေနဲ့
မင်းလေးအခြားသူတွေကို
အပျော်တွဲတာကို သိရက်သားနဲ့
မင်းလေးလဲငါသိနေတာသိရဲ့နဲ့
ငါ့ရှေ့မှာရက်ရက်စက်စက်
ထားခဲ့တာကိုတော့
စိတ်မကောင်းဖြစ်မိတယ်
ကောင်မလေးရယ်
မင်းလေးဘာလုပ်လုပ်
မင်းလေးကိုတကယ်ချစ်တဲ့အတွက်
မင်းလေးအခြားသူတွေနဲ့
အပျော်တွဲရတာစိတ်ကုန်သွားတဲ့
တစ်နေ့ နေ့ 
ငါ့ရင်ခွင်ကိုပြန်လာခဲ့ဖို့တော့
မမေ့ပါနဲ့..
ကောင်မလေးရယ်............
ငါစိတ်မဆိုးပါဘူးကောင်မလေးရယ်
ကောင်မလေး
ငါမင်းလေးကိုစိတ်မဆိုးပါဘူး
ငါခုလိုဖြစ်နေတဲ့အချိန်မှာ
မင်းလေးငါ့ကို
နားလည်မပေးနိုင်တာကို
ငါအရမ်းဝမ်းနည်းမိယုံလေးပဲရှိတာပါ
မင်းလေးကိုဘယ်လိုမှလဲ
စိတ်ဆိုးနိုင်မှာမဟုတ်ပါဘူး
မင်းလေးရှင်းပြခွင့်မပေးပဲ
ငါ့ကိုထားခဲ့တာပဲ
ငါစိတ်မကောင်းဖြစ်နေမိတယ်
ခွင့်လွှတ်ပါကွာ
ငါခုချိန်မင်းလေးကိုရှင်းပြဖို့
အားမရှိသေးလို့ပါကွာ
မင်းလေးနားလည်နိုင်ပါစေကွာ...........
မင်လေးမယုံရင်အိမ်ကို
                                                   ဖုန်းဆက်မေးနိုင်ပါတယ် ကောင်မလေးရယ်
Tuesday, August 21, 2012
မင်းလေးနဲ့ ကိုဝေးနေချိန်
ကမ္ဘာမြေကြီး တဖက်မှာမင်းလေး
ကမ္ဘာမြေကြီးဆန့်ကျင်ဘက်တနေရာမှာ ..
နေရစ်ခဲ့တဲ့ ကို
အတူတူ ဝေးကွာချိန် တွေ...
ရှည်ကြာလွန်းနေတယ်....ကွာ...
တိမ်တိုက်တွေကို ငေးမိရင်း...
ဘယ်ချိန်ပြန်လာမလဲ....
အေးစက်စက်လေပြေတွေကို...
ရင်ဆိုင်ရင်း...ဘယ်ချိန်မှ..
မင်လေးမျက်နှာပြင်လေး...ပြန်မြင်ရမှာ......
အခုလိုဝေးနေချိန်...
အခုလို...ရေမြေခြားနေချိန်တွေ...
အခုလို...ရင်ခွင်နှလုံးသား...
မနီးစပ်ခင် ချိန်တွေမှာ....
အချိန်နှင့်အမျှ သတိတရဖြစ်မိတာ...
မင်းလေးပုံရိပ်တွေပါ...
မင်းလေးအပြုံးတွေပါ...
မင်းလေး ရဲ့ ကြင်နာမှု့.တွေ
ယုယမှု့များစွာတွေပါ.....
ဘယ်လိုပဲဟိုးအဝေးကိုရောက်နေပါစေ....
ကိုနဲ့ သတိရချိန်တွေထဲမှာ ရှိနေပေးပါ.
မင်းလေးနဲ့ ကို ဝေးနေချိန်မှာ......
                                                        မငိုပါနဲ့ ကောင်မလေးရယ်......
***ချစ်တဲ့သူကိုရက်စက်ခြင်း***
ဘာလိုလိုနဲ့မင်းငါ့ကိုထားသွာခဲ့တာတစ်နှစ်ကျော်ခဲ့ပြီ
တစ်နေ့နေ့များငါ့ကိုဆက်သွယ်လာမလားလို့မျှော်နေခဲ့တာ
မင်းရဲ့သတင်းကိုလဲငါမစုံစမ်းရဲဘူး
မင်းရဲ့အကြောင်းတွေလည်းငါမကြားရဲဘူး
မင်းရဲပုံရိပ်တွေကိုလဲငါမတွေးရဲဘူးမမြင်ရဲဘူး
ဘာကြောင့်လဲဆိုတော့ငါလဲပြိုသွားမှာစိုးလို့
ငါဘယ်လောက်အားတင်းထားရတယ်ဆိုတာငါကိုယ်ငါအသိဆုံးပါ
အားတင်းရလွန်းလွန်းငါ့ရဲ့နှလုံးသွေးကြောတွေတောင်ပြတ်ထွက်တော့မယ်
မင်းနဲ့ငါဒီဘ၀တော့ဆုံနိုင်တော့မှာမဟုတ်ပါဘူးလေ
မင်းကိုငါအံသြလို့တော့မဆုံးဘူး
ဘာကြောင့်မင်းအိမ်ကပေးစားတဲ့လူကိုလက်ခံလိုက်ရတာလဲ
မင်းမို့လုပ်ရက်တယ် ငါအမြဲဆုတောင်နေပါတယ်
မင်းနဲ့ထပ်မဆုံပါရစေနှဲ့ 
မင်းမင်္ဂံလာဆောင်ပြီးသူနဲ့ အတူတူလိုက်သွားတဲ့
သတင်းငါမကြားရပါစေနဲု့ လို့
ငါကြားရရင်သေသွားနိုင်တယ်
ငါမင်းကိုခွင့်လွှတ်ပါတယ်ကောင်မလေး
 အခုလက်တလောဖြစ်နေတဲ့ပာာလေးတွေကိုပါခင်ဗျာ
မိဘတွေကစီစဉ်အဲတာကိုသမီးလေးတွေက
မိဘကိုကျေဇူးဆပ်လိုက်တာ မချစ်တဲ့သူကိုယူ
ချစ်တဲ့သူကိုထားခဲ့ကြတယ်ဆိုတာ မှန်နေပါတယ်ခင်ဗျာ
Tuesday, August 14, 2012
စာနာပါကောင်မလေး**
မင်းထွက်သွားတာ
ငါမှာတားပိုင်ခွင့်" အမိန့်" မှ
မရှိတာပဲ ငါမင်းကို ဗွေမယူပါဘူး
ငါ့ရဲ့ ချစ်ကံကြမ္မာအတိုင်း
ပေးဆပ်ခြင်းနဲ ခွင့်လွှတ်နေပါမယ်
ဒီလိုဆိုရင်.
မင်းက မချစ်တော့ပေမယ့်
ငါမင်းကို
ချစ်လို့ရသေးတာပဲနော်
ငါမမုန်းသေးပါဘူး
အပြုံးလေးနဲ့ 
ငါမင်းပြန်လာမဲ့အချိန်ကိုမျှော်နေမှာပါ
အရမ်းချစ်လိုပါ...
.ကောင်မလေးရယ်
မင်းနဲ့ နီးဖို့ ....
ငါ့ ချစ်သူရယ်
နေ့တိုင်းလည်း တွေ့မိပါရဲ့
အချိန်တိုင်းလည်း
သတိရပါတယ်
နေ့တိုင်းလည်း
မင်း မျက်နှာ ငေးနေမိပါ ရဲ့
ညတိုင်းလည်း
မင်း ကို တမ်းတမိပါတယ်
မနက်တိုင်း မေတ္တာတွေပို့ မိပါရဲ့
ဘုရားမှာဦးချလို့
သစ္စာတွေလည်း ဆိုမိပါတယ်
နေညိုချိန်တိုင်းလည်း
မျှော်နေမိပါရဲ့
အိမ်ပြန်ချိန်တိုင်းလည်း
အတူတူ ရှိချင်ပါတယ်
တချိန်ချိန်မှာတော့
ငါ နဲ့ အတူတူ နေစေချင်ပါရဲ့
အခုချိန်မှာ ငါ ကြိုးစားနေတယ်
ကောင်မလေးရယ်
**မပိုင်ဆိုင်တဲ့အချစ်**
သိပ်ချစ်တော့လည်း
ငါမှာလွမ်းဆွေးနေရတယ်
တကယ်လို့ များ
မိဘတွေစီစဉ်တာတွေမရှိလို့ ကတော့
ငါမင်းလေးကို
ချစ်တယ်လို့ ပြောမိမှာ အမှန်ပါ
အခုကျတော့ ငါ့ပါးစပ်ကနေ
ချစ်တယ်ဆိုတာကိုပြောချင်တယ်
မင်းလေးရဲ့ အတိတ်က ကိစ္စတွေကိုသိနေလို့ 
ငါမပြောခဲ့တာကို မင်းလေးနားလည်ပေးမယ်လို့ 
ငါယုံကြည်ပါတယ်
တကယ်လို့ များ
ငါတို့ နှစ်ယောက် မပေါင်းဖက်
မဆုံဆည်းနိုင်ခဲ့ရင်တောင်မှ
သူငယ်ချင်းအဖြစ်နဲ့ ပဲရှင်သန်ချင်တယ်
အချစ်ကလေးရယ်......
***သူငယ်ချင်းအချစ်**
တမ်းတစိတ်တွေနေတိုင်းပဲလေ
မင်းကမသိနိုင်ပေ့မဲ့ငါလေတမ်းတရင်းပဲ
ကြေကွဲနေတာင့ါရင်တစ်စုံဟာ
ဌက်တစ်ကောင်ကိုအဝေးပြေးသလိုနဲ့
အချိန်တန်ပြန်ရောက်ပေမဲ့
မင်းအမုန်းကိုခံရတဲ့ငါအချစ်က
ဘယ်အချိန်မှာရင်ခွင်သစ်တွေနိုင်မယ်မထင်လို့
တမ်းတမ်းတတနဲ့မျှော်လင့်ခဲ့ရတာ
ခုတော့ရင်ခွင့်ပြောင်းတဲ့မင်းအချစ်နဲ့
မတွေရမနေနိုင်တဲ့ငါ့အဖြစ်
စာနာလို့တွေးကြည့်ရင်ပေါ့
ငါဘက်ကသာရူးနေတာ မင်းကတော့ရင်ခွင်သစ်မှာ
ပျော်လို့သာနေတာ ငါကျေနပ်ပါတယ်ချစ်သူရာ
Sunday, August 12, 2012
အချစ်ကလေးအနားမှာနေချင်တယ်
ချစ်သူရယ်
မင်းလေးဘာကြောင့်များ
ငါချစ်တာကိုမသိတာလဲ
မသိချင်ရောင်များပာန်ဆောင်ပန်ဆောင်နေတာလား
ငါ့ပေါ်ကိုနည်းနည်းလေးမှတောင်မသိဘူးပေါ့
ရပါတယ် မင်းလေးငါ့ကိုချစ်နေတယ်ဆို
မင်းလေးမျက်လုံးတွေရဲ့ 
အရောင်တွေကိုကြည့်လိုက်တာနဲ့ 
ငါ ခန့် မန်းလို့ ရတယ်ဆိုတာ
မင်းလေးမှမသိတာ မသိတာပဲကောင်းပါတယ်
ငါ့ရဲ့ ရင်ဘက်ထဲမှာ
မင်းလေးတစ်ယောက်ပဲချစ်ခဲ့ဘူးတယ်
အခုတော့ မင်းလေးမိဘတွေစီစဉ်တာကို
မင်းလေးလက်ခံတော့မယ်ဆိုတာ
ငါကြိုသိနေတယ်
အချစ်ကလေးရယ်
ကံကြမ္မာက ငါ့ကိုမျက်နှာသာမှမပေးတာ
ငါ့ရင်ဘက်ကြီးတစ်ခုလုံးကို
ရင်ကွဲမတက်ချစ်ရတဲ့
မင်းလေးအခုတော့ တစ်ခြားရင်ခွင်မှာ
မပျော်ချင်ပဲပျော်နေတော့မယ်ဆိုတာ
ငါအဆုံးအစမရှိကိုနားလည်လိုက်ပါတယ်
အချစ်ကလေးရယ်
                         ကောင်လေး
^-^ကမ္ဘာငယ်လေးထဲမှာနေချင်တယ်ကောင်မလေးရယ်^-^
အချစ်ကို မခံစားတက်တဲ့
ကောင်မလေးရဲ့ ရင်ဘက်တစ်နေ ရာမှာ
ငါ့ရဲ့ အချစ်တွေကဝင်ရောက်လာတော့
ကောင်မလေးခင်ဗျာ
မချစ်ဘူးအချစ်နဲ့ အရူးအမူးဖြစ်သွားတာတော့
ငါအရမ်းကိုအံသြတယ်ဘာလို့ လဲဆိုတော့
ငါ့ကို အဲမင်းလေးက
တကယ်ချစ်တယ်ဆိုတာကို
ငါအားလုံးသိလိုက်ရလို့ ပါပဲ
မင်းလေးကိုအရမ်းချစ်မိသွားခဲ့တာလည်းအမှန်ပါပဲ
ဘာကြောင့်များငါတို့ ဘဝတွေကမဆုံဆည်းနိုင်တော့တဲ့
ကံကြမ္မာက ချောင်းချားထားတာပဲ
ငါကြံကြံ ခံနိုင်အောင်
ဘယ်လိုကြိုးစား ကြိုးစား
ငါ့စိတ်တွေက မင်းလေးဆီကိုပဲရောက်နေတယ်
ဘယ်လိုလုပ်ရမလဲ လောကကြီးရယ်
ပာူး တစ်ခါတည်း မင်းလေးကို ခိုးပြေးလိုက်ချင်တယ်
တစ်ခြားရင်ခွင်မှာ နင်တကယ်ပျော်နိုင်မှာပါ
ငါနဲ့ မင်းနဲ့ 
တကယ်တမ်းမြတ်နိုးတွယ်တာ
ချစ်ခဲ့ပီးမှ
တကယ့်ပြသာနာအရင်းအမြစ်က
မင်းလေးရဲ့ မိဘတွေပါ
အဲတာကို ငါနားလည်ပေးပါတယ်
ဗွေမယူပါဘူး
တကယ်လို့ မင်းလေးနဲ့ ငါ
အပီးအပိုင်ဝေးသွားပီဆိုရင်
ငါ့ကိုမင်းလေး ရဲ့ ညာဘက်ရင် ရင်ဘတ်ထဲမှာ
ငါ့ရဲ့ အချစ်တွေကို
သော့ခတ်ပီးတော့သိမ်းထားပေးပါလို့ 
ငါတောင်းပန်ချင်ပါတယ်
ငါ့ရင်ကိုမစာနာတာမပာုတ်ဘူးဆိုတာငါသိတယ်
မင်းလေးရဲ မိဘတွေစကားကိုမလွန်ဆန်နိုင်တာရယ်
မိဘကိုစိတ်ဒုက္ခမပေးချင်လို့ 
မင်းလေးချစ်တဲ့ သူကိုအဆုံအရှုံးခံပီးတော့
မိဘကိုစိတ်ချမ်းသာချင်တဲ့စိတ်နဲ့ 
ငါ့ရင်ကိုစုန်ကန်ပီး
တစ်ခြားရင်ခွင်မှာ နင်တကယ်ပျော်နိုင်မှာပါ
ပိာုသီချင်းထဲကလို ပေါ့
*ဆက်ချစ်နေမယ့်သူ* သီချင်းထဲက
ငါဆိုတာ မင်းအသေအချာ
*ယုံကြည်ပါ* ဆိုတဲ့
ငါ့ရဲ့ သီချင်းနဲ့  သက်သေပြခဲ့ချင်တယ်
ချစ်သူရယ်
Friday, August 3, 2012
"သတိမေ့ခဲ့တဲ့ click တစ်ချက်"
နင့်မျက်ရည်တစ်စက် ငါvirus scan ဖတ်ခဲ့သင့်တယ်
ရက်စက်တဲ့ script တွေကငါ့ရဲ့  fire wall ကိုကျိုးပျက်စေခဲ့ပြီ
တိတ်တဆိတ်နင်ခိုးသွားတဲ့ password က ငါ့ရဲ့ မွေးနေ့ ပါဟာ
ခခယယတောင်းပန်ခဲ့တာတောင် နင်ပြောင်းပြန်လှန်ပစ်တယ်
နင်လိုချင်တာတွေပေးခဲ့တဲ့ ငါ့mail တွေ....
ခုတော့ virus တွေကြောင့်မီးထလောင်ကုန်ပြီ...
ပြာပုံထဲကကုန်းရုန်းထလာတဲ့ ထရိုဂျန်တကောင်က
မွှေလိုက်တာ heart drive တခုလုံးပြောင်းဆန်လို့...
recover လုပ်ဖို့ ချွတ်ခြော်ခဲ့တဲ့ငါ့ရဲ့ အတွေးတွေကို
1kbs speed နဲ့ ဘယ်လို ငါ update လုပ်ရမလဲ
ကျိုးကြေသွားတဲ့ back up cd တစ်ချက်ရေ
trial version နဲ့ သာငါကျေနပ်ပါရစေတော့.........
"ခြောက်ခြားစေသော..."
လေအဟုန်ကိုဆန်တက်
မာန်ဟုန်ခွင်းတတ်တဲ့ငှက်တစ်ကောင်မှာလည်း
လေစီးနဲ့အတူမျောသွားရတဲ့အခိုက်အတန့်ရှိတယ်!
သာယာတဲ့ဥတုနဲ့ယဉ်ပါးနေတဲ့
အမြဲစိမ်းသစ်တောမှာလည်း
ခြောက်သွေ့ပေးရတဲ့ရာသီတွေရှိတယ်!
ပျော်ရွှင်နေတဲ့လူတစ်ယောက်မှာလည်
ဝမ်းနည်းစေတဲ့ပယောဂတွေ
ထိုးနှက်တတ်တဲ့အချိန်ခါရှိတယ်!
ဘာလိုလိုနဲ့...
အဲ့ဒီ့အချိန်ကာလကြီးကို
ငါ့နေ့ရက်တွေထဲ ထမ်းပိုးထားရဦးမယ်!
ဖြစ်နိုင်ရင်တော့...
တန်ပြန်နိုင်တဲ့မှန်တစ်ချပ်ပေါ်
အဲ့ဒီ့ပိုးမွှားတွေခါချခဲ့ချင်တာ!
အဲ့ဒီ့လို...
အဖြူရောင်နေ့တွေကိုစောင့်စားရင်းနဲ့ပဲ
ငါခြောက်ခြားတဲ့မြွေဆိုးတွေကြား
ဒီအသက်ကို ဆွဲဆန့်ထားရဦးမယ်!
ကမ်းလင့်တော့ချစ်သူ.........
"စိတ်ကူးကိုတူးဆွကြည့်ခြင်း"
တိမ်တွေဆီကိုထွက်ပြေးကြစို့ ချစ်သူ
ဟင့်အင်း ကောင်းကင်ကြီးကိုကြောက်တယ်
ပင်လယ်သမုဒ္ဒရာတွေဆီကိုရော
ဟင့်အင်း ရေမကူးတတ်ဘူး......
ဒါဆို စိမ်းလန်းတဲ့တောင်တန်းတွေဆီကိုဆိုရင်ရော...
ဟင့်အင်း ကျားတွေဆင်တွေ ကိုက်လိမ့်မယ်...
မငြင်းပါနဲ့ ချစ်သူရေ.....
ပြိုင်ဆိုင်မှုတွေသိပ်ပြင်းထန်တဲ့
ငါတို့ ရဲ့ မြို့ ပြညတွေက ခါးပါတယ်လေ...
မနာလိုမှုတွေ အိမ်ရှေ့တံခါးဝကိုရောက်လာရင်
နွေးထွေးစွာကြိုဆိုနိုင်မလားချစ်သူ.........
နှစ်သိမ့်ဆုတွေပေါ်တဲ့ ဒီမြို့ ပြကို
ခုံမင်နေမယ်ဆိုရင်တော့ ငါ့လက်ထဲ ကပန်းတပွင့်
ကမ်းလင့်တော့ချစ်သူ.........
♥♥ကျေနပ်ပါတယ်ချစ်သူရယ်♥♥
“အအေးဓာတ်တွေ လွင့်နေတဲ့
အခန်းငယ်ထဲမှာ....ကို့ ရင်ထဲက အပူတွေဟာ
အင်မတန်လောင်ကျွမ်းနေပါတယ်...
မင်းကိုချစ်တဲ့ ကို့ ရဲ့ အချစ်တွေအတွက်က
မင်းအတွက်
ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေမယ်ဆိုရင်..
ကို့ရဲ့ချစ်ခြင်းတွေကို မင်းမသိအောင်
တိတ်တဆိတ်ပဲ သိမ်းထားလိုက်ပါမယ်...
မင်းသာ တစ်ချိန်ချိန်မှာ ကို့ ရဲ့
ချစ်ခြင်းတွေကို နားလည်ပေးမယ်ဆိုရင်
မျှော်လင့်ခြင်းအပြည့်နဲ့ ကို့ကျေနပ်နေမှာ..အမှန်ပါ...”
♥♥♥မင်းတစ်ယောက်တည်း♥♥♥
”ချစ်ရသူရေ...”
တို့ရဲဘ၀အတွက် အချစ်တွေက
အရေးပါမှု မရှိဘူးဆိုတာကို
မင်းမသိခဲ့လေသလား....?။
တစ်ခါ တစ်ခါ မခံစားရဲတဲ့ တို့နှလုံးသားကို
မုန်းတယ် ..... မင်းကိုချစ်ခဲ့ဖူးသလို
တို့ရဲ့ အချစ်တွေဟာ လွတ်လပ်မှု မရှိတော့ဘူးလို့
သိလိုက်ရတဲ့နောက် ကဗျာတွေလည်းမဆန်တော့ဘူး
မိုးရွာတိုင်းလဲ မလွမ်းရဲတော့ဘူး
ကြယ်တွေလည်း မကြည့်ဖြစ်တော့ဘူး
လက်တွေ့ကျကျ ရင်ဆိုင်မယ့် တိုဘ၀တွက်
အချစ်ဆိုတာ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခု လား
ဖြင်နိုင်မယ်ဆိုရင် တို့ရဲ့နှလုံးသားထဲကို ကဗျာတစ်ပုဒ်
ဖြစ်အောင် မင်းရောက်လာခဲ့တာပါလား
ဒါဟာ တို့ရဲ့တောင့်တမှုတွေပါ အဲဒီတောင့်တမှုတွေမှာ
အလွမ်းတွေပါနေသေးရင် တို့ချစ်တတ်သေးတာပေါ့
ဒါပေမယ့် မင်းတစ်ယောက်တည်း အတွက်ပါ....။
♥အမှန်တရားပါချစ်သူ♥
 တောင်းပန်နေတာတော့ မဟုတ်ဘူး
မင်းသိမ်းယူထားတဲ့ အချစ်တွေပြန်ပေးဖို့
တောင်းဆိုနေတာပါ...
ဖြတ်သန်းလာတဲ့ လမ်းကြောင်းတစ်လျှောက်
အမှားနဲ့ယောက်ယတ်ခတ်နေတဲ့ တို့ကို
ဘယ်သူတွေ ဘယ်လို ၀န်ဖန်ပါစေ...
မင်းကိုချစ်ခဲ့တာ တို့အတွေမတော်တဆ 
အမှားတစ်ခုဆိုရင်
အဲဒီအမှားတစ်ခုဟာ ချစ်ခြင်းရဲ့
တို့တွေ တစ်ခုတည်းသော
အမှန်တရားပါ
ချစ်သူရယ်♥♥♥
♥♥♥အလွမ်း♥♥♥
လွမ်းစရာရှိရင်
နာစရာနဲ့ဖြေတဲ့
ငါကတော့…..
နာစရာရှိတိုင်း…လွမ်းနေမိတယ်
တကယ်ဆို…ငါဟာ
ပေးဆပ်မှုတွေကို
ရက်စက်မှုတွေနဲ့တုံ့ပြန်မယ့်
နေမင်းကြီးကို……..
စောင့်မျှော်နေရတဲ့
နေကြာပန်းတစ်ပွင့်လိုပါ။
နင်ပေးတဲ့…..
ရက်စက်မှုတွေကိုမှ
အင်အားပြုပြီး..
ရှင်သန်နေချင်သူလေ။
ကျေးဇူးပြုပြီး…
ငါ့မျှော်လင့်ချက်…..
နင့်ရက်စက်မှု…လင်းရောင်ခြည်တွေကို
ဥပေက္ခာတိမ်တိုက်တွေနဲ့တော့
ဖုံးကွယ်မထားလိုက်ပါနဲ့နော်၊
ငါ့ဝင်သက်ထွက်သက်တွေ
ရပ်တန့်သွားမှာမို့ပါ….အသက်ရယ်။
*နှုတ်ဆိတ်*
ဆု..
မတောင်းရဲခဲ့တာ ကြာပြီ။
အိပ်မက်..
မမက်ရဲတာ ကြာပြီ။
စိတ်လွတ်လက်လွတ်..
မပျော်ရွှင်ရဲခဲ့တာ ကြာပြီ။
ယုံကြည်မှု....
ပျောက်ဆုံးနေခဲ့တာ ကြာပြီ။
ဘာတွေလွဲနေခဲ့လဲ..
ဘာတွေမှားခဲ့ဖူးလဲ..
ရေရေရာရာ တခုမှ ငါမသိ
သေချာတာ တခု က
အမှောင်ထဲမှာ ပဲ
တိတ်တိတ်လေး ထိုင်နေချင်မိတယ်။
***ရှင်ကွဲ***
လှည့်ထွက်သွားတဲ့
ခြေလှမ်းတွေမှာ
သံယောဇဉ်တွေ
တပွေ့တပိုက်ကြီးနဲ့...
အဆင်ပြေပါ့မလားလို့
အတွေးတစ်ချက်နဲ့တင်
လှည့်ပြန်ချင်စိတ်တွေက
တ၀ဲလည်လည်...
အံကိုကျိတ်လို့
နှလုံးသားကိုချနင်းလိုက်တယ်။
တချိန်က အချစ်တွေအတွက်
ငါ..နောင်တမရသလို
လှည့်ထွက်ခြင်းတွက်လည်း
ငါ..မနှမျှောတော့ဘူး။
သွားပါတော့...
ငါပဲမှားတာပါ
ရင်ဘက်တစ်ခုလုံးနဲ့ရင်းပြီး
ချစ်ခဲ့သူက အရှုံးပဲဟာ
နောင်ဘ၀သာရှိရင် တောင်းဆုပြုချင်တယ်
ရှင်ကွဲ ဆိုတာ မကြုံပါရစေနဲ့လို့။
***နင်***
အချစ်က ချိုချို ခါးခါး
ငါချစ်နေအုံးမှာဘဲ
အချစ်က လေပြေဖြစ်ဖြစ် မုန်တိုင်းဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ
အချစ်က အားဆေးတစ်ခွက်ဖြစ်ဖြစ် အဆိပ်တစ်ခွက်ဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ
အချစ်က ဘဝတက်မဲ့လမ်းဖြစ်ဖြစ် ဘဝပျက်မဲ့လမ်းဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ
အချစ်က နာကျင်မူဖြစ်ဖြစ် ကြင်နာမူဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ
ဘာလို့ လဲဆိုတော့
ငါချစ်နေတဲ့သူက "နင်" ဖြစ်နေလို့ လေ ♥ ♥
Related Posts Plugin for WordPress, Blogger...