Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: December 2012

Friday, December 14, 2012

♥♥♥အရမ်းလွမ်းတယ်....***

မမေ့ဘူးဆိုတဲ့ စိတ်နဲ့ နင့်ကို လွမ်းတယ်…

နင့် မလွမ်းတဲ့ စိတ်နဲ့  ငါလွမ်းတယ်….

နင်က အလွမ်းနဲ့  ခပ်စိမ်းစိမ်းပေါ့ …….

လွမ်းဆွေးမူတွေကြားမှာ ငါ တိတ်တိတ်လေး..

ရှင်သန်နေတာ ငါပါ……….

မနေ့က နေ့ ကွယ်ခဲ့တယ် မနက်ဖြန်လည်း နေသာနေဦးမှာပါ…

မိုးရွာချင်လည်း ရွာလိမ့်မယ်...

မနေ့ ကချစ်ခဲ့ သလို မနက်ဖြန်တွေမှာလည်း

ငါ ချစ်နေဦးမယ် ချစ်သူ………

ပြောင်းလဲနေတဲ့  အချိန်တွေကြားမှာ... …

ချစ်ခြင်းတရားတွေနဲ့  တေးသီ မင်းကို ချစ်တယ် ….

တိုးတိုးလေး ညည်းဆို ဆဲပါ ချစ်သူ….အရမ်းလွမ်းတယ်.....

ကောင်မလေးရယ် 


By>>>အလွမ်းဆွေးသမားလေး(PLP)

Wednesday, December 12, 2012

**ချစ်နေဆဲပါ**

မိုးရွာလည်း   လွမ်းတယ်

နေပူလည်း    လွမ်းတယ်

ဘစ်ကားပေါ်တာင်   လွမ်းတယ်

အလွမ်းတွေ  ရင်မှာပြည့်

နင့်ကို ငါ အရမ်းလွမ်းနေတယ် ချစ်သူ

မတွေ့တာကြာပေမယ့်

နင့်အသံ မကြားရပေမယ့်လည်း 

ဖုန်းဆက်မယ်ပြောထားလည်း

အသံမကြားးဖူးပေမဲ့ လည်း

င့ါနားထဲမှာ နင်အသံ  
 
အမြဲကြားနေတယ်  ချစ်သူ

ခုချိန်ထိ ...နင်ကို

ငါချစ်နေဆဲ... ချစ်သူ။။
 
 
 
                     BY>>>>> အလွမ်းဆွေးသမား

♥ကဗျာရေးသားခြင်း♥

ကောင်မလေးရေ
ထွက်သွားတော့မယ်လို့
ဘယ်တော့မှ
မင်းလေးနုတ်ခမ်းက
မထွက်လိုက်ပါနဲ့
ကို မင်းလေးကို မခွဲနိုင်သေးလို့ပါ......
မင်းလေး
တကယ်လိုများ
မင်းကကို့ အနားမှာ
ရှိမနေချင်တော့ဘူးဆိုလဲ
ကို့ ကို အသိမပေးပါနဲ့
တိတ်တိတ်လေးသာ
ထွက်သွားပေးပါ
ကို့ အနားမှာ  မင်းလေးရှိနေသေးတယ်ဆိုတဲ့
ခံယူချက်နဲ့
ကိုအသက်ရှင်နေချင်သေးလို့ပါ
ကောင်မလေးရယ်
ကို့ ရင်ထဲမှာ
ကိုက မင်းလေးကိုမုန်းနေတယ်လို့
ဘယ်တော့မှ မတွေးပါနဲ့
ကို့ ရဲ့ ချစ်ခြင်းက
ဘယ်တော့မှ အနိုင်မယူသလို
ဘယ်တော့မှလဲ မုန်းမှာမဟုတ်တဲ့
မင်းလေးရဲ့ မုသားသာဝါဒ စကားလုံးတွေရဲ့အောက်မှာ
ဒူးထောက် အရှုံးပေးနေသူ ဖြစ်နေလို့ပါ..........
ကောင်မလေးရယ် 




BY>>>>> အလွမ်းဆွေးသမား(PLP)

♠•♣☺အချစ်စစ်♠☻

အချစ်စစ်
မချစ်သင့်မှန်းသိပေမယ့်
ချစ်မိတဲ့ငါ့နှလုံးသားကို
အကြိမ်ကြိမ်အခါခါဆုံးမနေတဲ့ကြားက
နင့်ရဲ့အကြည့်တွေမှာတွေဝေသွားတတ်တာ
ငါအသိဆုံးပါ အဆုံးမရှိတဲ့လမ်းမို.
မလျောက်ချင်တဲ့ငါ့ကို
သတ္တိမရှိဘူးလို.သာ
နင်စွပ်စွဲလိုက်ပါ
ဒါပေမယ့်......
ငါ့ရင်ထဲကအချစ်တွေကတော.
နင့်အတွက်.......
ဘယ်တော.မှ ရိုးမသွားဘူးဆိုတာ
ငါကတိပြုရဲတယ်..............
ကောင်မလေးရယ်.........♥♥♥♥



By>>> အလွမ်းဆွေးသမားလေး(PLP)

Friday, December 7, 2012

တောင်းဆိုချက်

ငါနှလုံးသားရဲ့ စိတ်ထဲက

မင်းကိုတမ်းတမ်းတတနဲ့ ချစ်ခဲ့တာပါ

မင်းရဲ့ ဘော်တာ အပေါင်းအသင်းတွေ

ပြောလို့ ငါ့ရဲ့ အချစ်တွေကို ချစ်မယ်လို့ 

မပြောပါနဲ့ နော်.......♥♥♥

မင်းရဲ့ ကိုယ်ပိုင်ရင်ခုန်သံနဲ့ ပဲချစ်ပါလို့ 

ငါမျှော်လင့်ရင်းနဲ့ စောင့်မျှော်နေပါတယ်

သူငယ်ချင်းအဆင့်ထက်မပို ဘူးဆိုလည်း

ငါအရင်လိုပဲစိတ်ထဲကနေပဲဆက်ချစ်နေပါမယ်

ငါ့ရဲ့ ရင်ဘက်ထဲကနေ မင်းကို

လိုလိုလားလားချစ်လို့ 

တောင်းဆိုတာပါ ကောင်မလေးရယ်....


BY>>>>> အလွမ်းဆွေးသမား(PLP)


PLPလေးသိပါစေ

Wednesday, December 5, 2012

စောင့်ကြိုမယ့်အချစ်

မိုးစက်လေးတွေ..တစ်ဖွဲဖွဲကျနေတဲ့ juneညတစ်ညမှာ.....         
အိပ်စက်နေတဲ့...ငါ့ရဲ့ နှလုံးသား..တံခါးကို...သူလာခေါက်နိုးခဲ့တယ်
 နွေအကုန်မိုးအကူး..မှာရလိုက်တဲ့ ..မင်းအချစ်က...
  ငါ့အတွက်...ကံကောင်းမှာလား?..ကံဆိုးမှာလား?


ချစ်သူဘာမှမသိပေမဲ့ ...
မင်းကိုအ၇မ်းချစ်မိတယ်....
 မင်းကိုချစ်မိတဲ့အချိန်ကစပြီး.. 
 ဘာသာနဲ့လူမျိုးကို..ဖယ်ထုတ်ထားခဲ့မိတယ်....


        ငါ့ရဲ့ နေ့ ရက်အချိန်တွေကို....
        မင်းနဲ့ ပဲအတူတူဖြတ်တန်းသွားချင်မိတယ်.        မင်းအကြွင်းမဲ့ယုံလိုက်ပါ...ချစ်သူ
        ငါ့အချစ်က...မင်းအတွက်..ခဏတာကျီစယ်ဖို့မဟုတ်ဘူး....

       မင်းကိုထာဝရချစ်နေဖို့...
       ဘု၇ားသခင်ဖန်းဆင်းပေးလိုက်တဲ့.       အချစ်စစ်..အချစ်မှန်ပါ..
       ဘယ်လောက်ဝေးဝေး
       တောက်ပလွန်းတဲ့...ငါ့၇ဲ့ ...
      ရွှေရောင်ရင်ခုန်သံများနဲ့  အတူ...
      မင်းငါ့ဆီရောက်လာမယ့်...ရက်ကို.စောင့်ကြိုနေမှာပါ....


BY>>>>> အလွမ်းဆွေးသမား(PLP)

'' ရင်ခုန်ခြင်းရဲ့တစ်နေရာမှာ ''

ငါရင်ခုန်နေသေးတယ်
ရင်ခုန်ခြင်းရဲ့တစ်နေရာမှာပေါ့
ဒီနေ့ရဲ့ သန်းခေါင်ယံညလေးဟာ
ဟိုအရင်ကသန်းခေါင်ယံညလေနဲ့

ဘာမှမသက်ဆိုင်သလိုပဲ
တိတ်ဆိတ်လွန်းတဲ့ ဒီအခန်းလေးထဲ
ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ပြန်ကြားနေသလိုပဲ

နံရံပေါ်က မင်းဓါတ်ပုံ
ခေါင်းအုံအောက်က ဒိုင်ယာရီ
စာအုပ်ထဲက မင်းလက်ရေးတွေ ပြန်လည်ဖတ်တိုင်း

ငါ့နှလုံးသားထဲက မျက်ရည်တွေကို
ဘယ်လိုမျိုးခွန်အားတွေနဲ့ ငါတားဆီးပိုင်ခွင့်ရှိမလဲ
ကောင်မလေးရယ်.....

တကယ်လို့ မင်းသာ ခိုဝင်နားဖို့ ရင်ခွင်လိုအပ်ခဲ့ရင်
အရင်ကလို နှစ်သိမ့်ဖို့ စကားလုံးတွေလိုအပ်ခဲ့ရင်
ရင်ခုန်ခြင်းရဲ့တစ်နေရာမှာ . . .
ငါရှိနေသေးတယ်။။။


 BY>>>>> အလွမ်းဆွေးသမား(PLP)

ရင်ခွင်သစ်

စံပယ်လိုဖြူ ခရေလိုမွှေး
စမ်းရေလိုအေး အနမ်းတွေကို
ပေးခဲ့ဖူးတဲ့ ချစ်သူရေ
အခုတော့...
ငွေဆိုတဲ့ ဂုဏ်ပကာသန တွေရဲ့အောက်မှာ
မင်း ပျော်နေပြီပေါ့
ဖြူစင်တဲ့ အသည်း
အေးမြတဲ့ မေတ္တာ
ထားခဲ့ဖူးတဲ့ ကတိစကားတွေ
ဘယ်ရောက်ကုန်ပြီလဲ
အတိတ်ကို အရိပ်မှာထားလို့
ကိုယ့် နှလုံးသားနဲ့ဝေးရာဆီ
မင်း ထွက်ခွါသွားခဲ့ပြီပေါ့
( ရင်ခွင်သစ်ကိုသွားတဲ့သူကို )
ကိုယ် အပြစ်မတင်ရက်ပါဘူး
ထားရက်နိုင်လွန်းလို့ ထားခဲ့တာဘဲလေ
မင်း ဘ၀အတွက်
မင်း ရွေးချယ်ခဲ့တဲ့လမ်း
ထာဝရ ပျော်ရွှင်စွာ
လျှောက်လှမ်းနိုင်ပါစေလို့
ကိုယ် ဆုတောင်းပေးရုံကလွဲရင်
ဘာများတတ်နိုင်အုံးမှာလဲ
ဒါပေမယ့်...
ကိုယ် တစ်ခုတော့
မေးချင်တယ်
မင်း ချစ်သူကရော
ကိုယ့်လောက်ချစ်ရဲ့လားလို့ပေါ့ မေးချင်တယ်ကောင်မလေး၇ယ်


 By >>>>အလွမ်းဆွေးသမားလေး(PLP)

တမ်းတစိတ်

မိုးကောင်းကင်လောက်မရှိတဲ့ ငါ့ရဲ့ အချစ်တွေ

မင်းအတွက်မပြည့်စုံဘူးဆိုရင် မင်းငါ့ကို

တစ်ယောက်တည်းချန်ခါထားခဲ့ရတော့

ဒီလိုအဖြစ်မျိုးနဲ့ မကြုံရပါစေနဲ့ လို့ 

ဘုရားမှာ ဆုမွန်ကောင်းတောင်းနေပါတယ်

တစ်ယောက်သောသူလေးရယ်..
 BY>>>>> အလွမ်းဆွေးသမား(PLP)
Related Posts Plugin for WordPress, Blogger...