Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡

Tuesday, July 31, 2012

**ပျော်ရွှင်ပါစေချစ်သူ**

သံယောဇဉ်မပြတ်သေးသမျှ....

သစ္စာကတိပြု
ယုယကာနေမိလို့ ငါတွယ်တာ
အမုန်းတရားတွေကိုယ်စီရှိနေပါလည်းငါ
အရင်အတိုင်းပဲနေပါရစေလေ
သူနဲ့ အတူ
အသက်ရူတိုင်းလည်းအတူရှင်သန်ရန်အတွက်
ငါတောင်းတမိပါရဲ့ ချစ်သူရယ်
ရှည်လျှားလှတဲ့ဒီသံသရာမှာ
ငါဘယ်လိုနေရပါ့
ဒါပါပဲ
မိုးရွာတာကိုလည်းအပြစ်မဆိုမိအောင်
ငါနေလိုက်ပါ့မယ်
အရှုံးနဲ့ အမုန်းမှာ
ငါကျရှုံးနေတာ
ငါညံ့ ပါတယ်.......
ငါ့သံယောဇဉ်
ငါ့အလွမ်း
ငါတစ်ယောက်
သံယောဇဉ်မပြတ်
ရုန်းမထွက်နိုင်တာ
ငါ..........
ဘာဖြစ်လို့ ပါလိမ့်နော်.....
ငါ့သံယောဇဉ်များရှင်သန်နေရန်ငါဆုတွေတောင်းရင်း....
ငါသံယောဇဉ်မပြတ်သူအနေနဲ့ 
အဝေးဆုံးကိုပဲသွားတော့မယ်ဟာ...................။.......................။
ပျော်ရွှင်ပါစေ....................။........။

***ကြွေလွင့်သွားသောနှလုံးသား***

လမ်းဆုံးနေတဲ့ မျှော်လင့်ချက်မှာ
တမ်းတခြင်းက
အတွင်းထိလှိုက်စားနေ...
မင်းမသိနိုင်ခဲ့တဲ့
ငါ့ရဲ့ ရူးသွက်စွာစောင့်မျှော်ခြင်းက
၃၆၅-ရက်....
အဲဒီစောင့်မျှော်ခြင်းရဲ့ အဓိပ္ပါယ်က
ဒဏ်ရာတွေ အသက်ဆက်ဖို့ ဖြစ်နေတယ်..
အိပ်မက်တွေပြိုကွဲဖို့ ဖြစ်ခဲ့ တယ်..
မတိုက်ဘဲနဲ့ ရှုံးနိမ့်တဲ့ စစ်ပွဲမှာ
ငါ့နှလုံးသားလည်း
တိတ်တဆိတ်သေမိန့် ကျလို့ ပေါ့....
နောက်ထပ်မရှိနိုင်တော့တဲ့
နောက်ဆုံးမှာ
မင်းမျက်နှာကိုငေးကြည့်ခွင့်ရရုံပါပဲ...
ကြေကွဲခြင်းနဲ့  အဆုံးသတ်မဲ့ 
အလွမ်းဇာတ်
အပြုံးတစ်ချက်ကိုဘဲ မျှော်မိတော့တယ်....ချစ်သူ ။

“အမှတ်တမဲ့မိုးည”

မိုးမြူတွေငိုကြတဲ့ ညတစ်ညမှာပေါ့
တိမ်တွေပြိုလို့တစ်ကိုယ်လုံးစိုနေတဲ့
အဖြူရောင်နတ်သမီးလေးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဆံနွယ်ရှည်လေးနဲ့ အရမ်းလှတဲ့ကောင်မလေးရေ....
အဲ့ထိအချိန်ကစလို ငါ့အနာဂတ်တွေကိုစိုးမိုးခဲ့ပါတယ်။
အညှိုးနဲ့ရွာခဲ့တဲ့မိုးရေ မဆဲပဲ အသဲအမဲ
အလွမ်းတွေအအေးပက်တဲ့ အထိသာ
ရွာလိုက်ပါတော့မိုးရယ်...
အမှတ်တမဲ့နဲ့ တွေလိုက်တဲ့မင်း
အမှတ်တမဲ့ ဇာတ်လမ်းတွေမင်းထားခဲ့ပြီး
အမှတ်တမဲ့နဲ့ပဲ (မပြောမဆို)
ငါ့မြင်ကွင်းထဲကပျောက်ကွယ်
အဝေးကိုပြေးထွက်သွားခဲ့သူရယ်...
အခုတော့ဖြင့် ငါ့မှာ
အမှတ်တမဲ့ အလွမ်းတွေနဲ့
အမှတ်တရရှိနေတဲ့ ဒီလူတစ်ယောက်တော့
တိမ်မြူတွေရဲ့မျက်ရည်တွေကို အဖော်ပြုလို့
တစ်ယောက်တည်းနေတတ်ခဲ့ပြီလေ...
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ဒီမိုးစက်လေးတွေကိုပဲ
မင်းပေးတဲ့လက်ဆောင်အဖြစ်ကျေနပ်စွာ
ခံယူလိုက်ပါ့မယ် ချစ်သူရယ်...။ ။

***ကျေနပ်ပါတယ်ချစ်သူ***

တမ်းတစိတ်တွေနေတိုင်းပဲလေ
မင်းကမသိနိုင်ပေ့မဲ့ငါလေတမ်းတရင်းပဲ
ကြေကွဲနေတာင့ါရင်တစ်စုံဟာ
ဌက်တစ်ကောင်ကိုအဝေးပြေးသလိုနဲ့
အချိန်တန်ပြန်ရောက်ပေမဲ့
မင်းအမုန်းကိုခံရတဲ့ငါအချစ်က
ဘယ်အချိန်မှာရင်ခွင်သစ်တွေနိုင်မယ်မထင်လို့
တမ်းတမ်းတတနဲ့မျှော်လင့်ခဲ့ရတာ
ခုတော့ရင်ခွင့်ပြောင်းတဲ့မင်းအချစ်နဲ့
မတွေရမနေနိုင်တဲ့ငါ့အဖြစ်
စာနာလို့တွေးကြည့်ရင်ပေါ့
ငါဘက်ကသာရူးနေတာ မင်းကတော့ရင်ခွင်သစ်မှာ
ပျော်လို့သာနေတာ ငါကျေနပ်ပါတယ်ချစ်သူရာ

ကျေနပ်စွာပေးသောအရှုံး

မင်းကပဲကျောခိုင်းပြီးသွားနေတာလား.........
ငါကပဲရှေ့ဆက်မတိုးနိုင်တာလား............
ဒီလိုနဲ့ပဲ..မင်းနဲ့ငါဟာ..တဖြည်းဖြည်းဝေးကွာလာခဲ့ပြီလား....
ငါကိုယ်တိုင်လည်း…..
ရှုံးနိမ့်မှုတွေကြား အားကုန်သွားတာလည်း...ဖြစ်နိုင်ပါတယ်...
ဘာပဲဖြစ်ဖြစ်.....မင်းကိုငါချစ်တယ်.........
စာအုပ်ထဲမှာဖတ်ခဲ့ဘူးတယ်...
သင့်ကိုအရမ်းချစ်အောင်လုပ်တဲ့သူက...
အရမ်းကိုငိုရအောင်လည်း လုပ်လိမ့်မယ်တဲ့
ဒါအမှန်လားချစ်သူ.....ကိစ္စမရှိပါဘူး
မင်းသာဆန္ဒရှိရင်အကြိမ်ကြိမ်ငိုပေးဖို့
မျက်ရည်တွေစုဆောင်းထားလိုက့်ပါ့မယ်ဒါကိုမိုက်ရူးရဲဆန်တယ်လို့..........
အပြစ်တင်အုံးမှာလားချစ်သူ...
သူများတွေကပြောတယ်.....ငါဟာမင်းနဲ့ပတ်သတ်ရင်
စစ်မတိုက်ခင် မြားကုန်နေတဲ့သူတစ်ယောက်တဲ့
အမှန်တော့ နဂိုကတည်းက မြားယူမလာတာပါဟာ
ဘာဖြစ်လို့လည်းဆိုတော့...နင်နဲ့ပတ်သတ်ရင်..
အရှုံးဟူသမျှကို.....
ကျေနပ်စွာခံယူချင်ခဲ့လို့ပါ...ချစ်သူ

***အမှတ်တရ မိုးစက်များ**



မျှော်လင့်ခြင်းတွေ
ရည်ရွယ်ထားတဲ့စိတ်ကူးတွေ
အစရှာမရအောင် ပျောက်ဆုံးပျက်စီးခဲ့ပေမယ့်
မိုးတွေအရမ်းရွာလွန်းတဲ့
ညတစ်ညရဲ့ အိပ်မက်ထဲမှာ
ငါဟာလွင့်မျောတုန်းပဲ.....
မမေ့ရက်နိုင်အောင်စွဲလန်းခဲ့ရ
အဲဒီညပေါ့
တစိမ့်စိမ့်နဲ့ တဖွဲဖွဲ
လွတ်မြောက်လာခဲ့တဲ့ အကြင်နာမိုးစက်တွေ
ငါ့တစ်ကိုယ်လုံးရွှဲစိုလို့.....
ရာသီဖွဲ့တေးတစ်ပုဒ် ဆိုညည်းရင်း
တစ်လောကလုံးရဲ့ ကံအကောင်းဆုံးလူသားအဖြစ်
ဘယ်သူမှ မပြောလည်း
ငါ့ကိုယ်ငါခံယူလို့ပေါ့ (ခဏလေးသာ).....
မကြားလိုက်ပါဘူး ငါ့ပျော်ရွှင်ခြင်းတွေ
ကောင်းကင်တစ်ခုလုံး မိုးသားနက်တွေဖုံးလို့
ထိတ်လန့်ပေမယ့် ရုန်မထွက်နိုင်ခဲ့ဘူး
ရင်ကွဲမိုးတွေ တရစပ်ရွာချလိုက်တယ်
ရက်စက်ပါပေ့
ရင်ကိုမှန်တဲ့ မိုးစက်တွေကိုတော့
ကြည်ဖြူစွာခံယူခဲ့ပါတယ်
အမှတ်တရအဖြစ်ပေါ့။ ။

Monday, July 30, 2012

အသဲစားမိန်းခလေးတွေအတွက်

ချောတာကြိုက်ရင်            
  မင်းသားတွေရှိတယ်      
ချမ်းသာတာမှလိုချင်ရင်        
 သူဌေးသားတွေရှိတယ်   
 ဂုဏ်မက်တယ်ဆိုရင်လဲ         
 စစ်ဗိုလ်တွေရှိတယ်        
 အချစ်စစ်ကိုလိုချင်ရင်တော့          
 ငါ့ဆီကိုသာလာခဲ့♥♥♥
Related Posts Plugin for WordPress, Blogger...