Flashsongနှင့်ကဗျာ

Monday, July 30, 2012

ပေးဆပ်ခြင်း

တကယ်တော့ ငါဟာနင့် အတွက်
နင်ကစားနေတဲ့ ကျားကွက် ထဲ
 နင်လိုသလို ရွှေ့လို့ရနေတဲ့
ဇယ်လေးတွေ အဖြစ်ရောက်ရှိနေခဲ့တယ် 
 ကို့အဖြစ်ကို သိနေပေမဲ့ နင်ပျော်ရွှင်ဖို့
ငါနှလုံးသားကို နင်အနင်းခံ 
ဘဝရောက်သွား တာတောင်
 ငါကျေနပ်နေခဲ့တယ်
တစ်နေ့ ဒီလိုဖြစ်လာမယ် ဆိုတာ 
ကြိုတွေး ကြိုသိထားသော် လည် 
ငါကြိုတင်ပြင်ဆင်ဖို့လုံးဝစိတ်မကူးခဲ့ဘူး
 ခုနင် အခြားတစ်ယောက်ရဲ့ ရင်ခွင်ကိုရောက်သွားခဲ့ပေမဲ့ 
နင်လိုအပ်တဲ့
အချိန်ငါ့ကို သတိရပေးပါ
သူ့ရင်ခွင်နင်ပျော်နေသာကိုလည်း ငါကျေနပ်ပါတယ်
ငါခံယူထားတဲ့ အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းဆိုတာထက် 
ကိုချစ်တဲ့သူအပေါ်ပေးဆပ်ခြင်း ဖြစ်နေလို့ပါ
ကောင်မလေးရယ် ♥♥♥

No comments:

Post a Comment