Flashsongနှင့်ကဗျာ

Thursday, July 26, 2012

အလွမ်းတွေ ပါးပါး..အချစ်တွေ များများ..........




လေပြေတွေ

တိုက်ခတ်လာတိုင်း နင့်ရနံ့တော့

ပါလာတတ်စမြဲပါပဲလား ချစ်သူ....

နွေရောက်ရင်တော့

ဥသြတွန်တာ သဘာဝတော့သဘာဝပေါ့...

အလွမ်းဒတ်ခံရှိတဲ့ ကိုယ့်အတွက်တော့

ချစ်တယ်ပြောခဲ့တဲ့ မင်းနှုတ်ခမ်းပါးပါးကို

အတိတ်က ရွှေထီးဆောင်းခဲ့သလိုလိုနဲ့...

နောက်ဆုံး....

မင်းပြန်လာမယ့်နေရာမှာ

ငါ့ရဲ့ အလွမ်းခပ်ပါးပါးတော့

ဖြူးထားခဲ့တယ်...

သိမ်းဆည်းထားတဲ့

သဲသောင်ပြင်ရင်ခွင်ထဲက ငါ့အချစ်တွေကိုတော့

ဥသြငှက်လေးက ပြောရှာတယ်....

'ခင်ဗျားအချစ်တွေကိုတော့ ပြန်ယူသွားပါ'တဲ့...

ဟုတ်တယ်...

ပျောက်ပျက်မသွားနိုင်ပေမယ့်

ဟောင်းနွမ်းသွားနိုင်မယ့် အချစ်ကိုတော့

ရင်ခွင်ထဲမှာဘဲ သိမ်းထားခဲ့တယ်....

ချစ်သူ...

ပြန်လာချင်တဲ့အချိန်တိုင်း အရင်နေရာလေးကို

လှမ်းလာခဲ့လိုက်....

အလွမ်းခပ်ပါးပါးလောက်ပဲ တွေ့ရလို့

နောက်လှည့်မသွားလိုက်ပါနဲ့...

မင်းအတွက်အချစ်တွေက

ဟောဒီရင်ခွင်ထဲမှာလေ.....

ဘယ်နေရာမှာမှ မရှိဘူး...အရင်နေရာမှာပဲ....

မင်းချစ်ပါတယ်ဆိုတဲ့

ရင်ခွင်ကြီးကတော့ အမြဲတမ်းစောင့်လို့ပေါ့.....တသက်လုံးစောင့်နေမှာတဲ့လေ...

No comments:

Post a Comment