Flashsongနှင့်ကဗျာ

Friday, August 3, 2012

ကမ်းလင့်တော့ချစ်သူ.........

"စိတ်ကူးကိုတူးဆွကြည့်ခြင်း"
တိမ်တွေဆီကိုထွက်ပြေးကြစို့ ချစ်သူ
ဟင့်အင်း ကောင်းကင်ကြီးကိုကြောက်တယ်
ပင်လယ်သမုဒ္ဒရာတွေဆီကိုရော
ဟင့်အင်း ရေမကူးတတ်ဘူး......
ဒါဆို စိမ်းလန်းတဲ့တောင်တန်းတွေဆီကိုဆိုရင်ရော...
ဟင့်အင်း ကျားတွေဆင်တွေ ကိုက်လိမ့်မယ်...
မငြင်းပါနဲ့ ချစ်သူရေ.....
ပြိုင်ဆိုင်မှုတွေသိပ်ပြင်းထန်တဲ့
ငါတို့ ရဲ့ မြို့ ပြညတွေက ခါးပါတယ်လေ...
မနာလိုမှုတွေ အိမ်ရှေ့တံခါးဝကိုရောက်လာရင်
နွေးထွေးစွာကြိုဆိုနိုင်မလားချစ်သူ.........
နှစ်သိမ့်ဆုတွေပေါ်တဲ့ ဒီမြို့ ပြကို
ခုံမင်နေမယ်ဆိုရင်တော့ ငါ့လက်ထဲ ကပန်းတပွင့်
ကမ်းလင့်တော့ချစ်သူ.........

No comments:

Post a Comment