Flashsongနှင့်ကဗျာ

Friday, August 3, 2012

"သတိမေ့ခဲ့တဲ့ click တစ်ချက်"


နင့်မျက်ရည်တစ်စက် ငါvirus scan ဖတ်ခဲ့သင့်တယ်
ရက်စက်တဲ့ script တွေကငါ့ရဲ့  fire wall ကိုကျိုးပျက်စေခဲ့ပြီ
တိတ်တဆိတ်နင်ခိုးသွားတဲ့ password က ငါ့ရဲ့ မွေးနေ့ ပါဟာ
ခခယယတောင်းပန်ခဲ့တာတောင် နင်ပြောင်းပြန်လှန်ပစ်တယ်
နင်လိုချင်တာတွေပေးခဲ့တဲ့ ငါ့mail တွေ....
ခုတော့ virus တွေကြောင့်မီးထလောင်ကုန်ပြီ...
ပြာပုံထဲကကုန်းရုန်းထလာတဲ့ ထရိုဂျန်တကောင်က
မွှေလိုက်တာ heart drive တခုလုံးပြောင်းဆန်လို့...
recover လုပ်ဖို့ ချွတ်ခြော်ခဲ့တဲ့ငါ့ရဲ့ အတွေးတွေကို
1kbs speed နဲ့ ဘယ်လို ငါ update လုပ်ရမလဲ
ကျိုးကြေသွားတဲ့ back up cd တစ်ချက်ရေ
trial version နဲ့ သာငါကျေနပ်ပါရစေတော့.........


No comments:

Post a Comment