Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: October 2012

Wednesday, October 31, 2012

မျှော်နေပါ

ထားခဲ့လိုက် 
အခုချိန်မှာတော့ ငါက သုည 
နင်ခုန်ချဖို့ မလိုဘူး ရွှေဘုံပေါ်မှာပဲနေလိုက် 
တစ်ခြားရင်ခွင်မှာနေ ငါမမုန်းဘူး 
ငါ့ရင်ခွင်မှာခေါ်ထားဖို့ မှ မတက်နိုင်သေးတာ 
စိတ်တော့ပူတယ် 
အပျော်အပါးတွေလျှော့နော်
ခေတ်ကာလကြီးက မကောင်းဘူး 
ဒါပေမယ့် စိတ်ချပါ  
ငါသစ္စာတော့မပြောင်းပါဘူး 
ခမ်းရိုင်းရိုင်းလေးပဲပြောလိုက်မယ်ေ
အာင်မြင်လာတဲ့တစ်နေ့  
နင့်ကိုငါပြန်ဝယ်မယ် 
အပျိုစစ်တာ မစစ်တာ 
ငါမလိုချင်ဘူး ငါလိုချင်တာ
 နင်အသေချစ်တာကိုပဲ 
လိုချင်တယ် ချစ်သူရယ်

Writing By MC KO Hein

Sunday, October 28, 2012

ချစ်ရသူရယ်

ချစ်သူရယ် အသဲကွဲတက်မှ


နင့်ကိုတောင်းတတဲ့ ကောင်လေးတွေထဲမှာတော့


ငါမပါနိုင်ပါဘူး ငါမှာ ရှိတာဆိုလို့ 


မိဘပီးရင်နင်ပါပဲ အဲတာကို နင်မသိပဲနဲ့ 


တစ်ခြားရင်ခွင်မှာ မှေးစက်နေတာပေါ့


အင်းရပါတယ်......


အခုဆို နင့်ကြောင့်ရယ်လို့ တော့မပာုတ်ပါဘူး


ငါဆိုတဲ့ ကောင်က နင် နဲ့ ပြတ်သွားမှ


အရက်ရဲ့ ကျေးကျွန်သဖွယ် ဖြစ်နေပီဆိုတာ


မင်းယုံနိုင်မလား...........


မယုံရင် ငယ်ငယ်တုန်းက အတိုင်း


မင်းမိဘက ချော့သိပ်ခဲ့တဲ့


ပုံပြင်တစ်ပုဒ်အဖြစ်သတ်မှတ်လိုက်ပါ

ချစ်ရသူရယ်
 
          By  MC KAUNGLAY

‎* ရင်နာနာနဲ့ တွေးနေမိတယ် *



မင်းငါ့ကို တကယ်ရော

မေ့သွားပီလား........ ???


မေ့ရော....မေ့နိုင်ရဲ့ လား


မင်းမေ့နိုင်ပေမယ့် ငါမမေ့နိုင်သေးဘူး


မင်းပေးခဲ့  အမှတ်တရလေးတွေကိုကြည့်ပီး


ငါ့ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေကျဆင်း


ရှိုက်ကြီးတငင်ငင်နဲ့ ငါငိုနေမိတာရော


မင်းသိရဲ့ လား ???


အခုဆိုငါနေထိုင်တဲ့ ပြင်ဦးလွင်မှာအရမ်းချမ်းနေပီ


မင်းပေးခဲ့တဲ့ အနွေးထည်လေးကိုဝတ်ပီးတော့


မာဖလားကိုပတ်ပီးတော့ ငါတို့ နှစ်ယောက်အတူ


သွားခဲ့ဘူးတဲ့နေရာတွေမှာ မြင်ယောင်နေမိတယ်


ဒါပေမယ့် ငါမမေ့နိုင်တာတစ်ခုကတော့


ငါအနမ်းပေးခဲ့နေရာလေးမှာ ငါတစ်ယောက်တည်း


ထိုင်တွေးကာ မျက်ရည်တွေ စိုရွှဲ


ရင်နာနာနဲ့ တွေးနေမိတယ်


ငါအရမ်းချစ်ခဲ့လို့ ငါ့ကို


ထားသွားတဲ့ ကောင်မလေးရယ်......
* ရင်နာနာနဲ့ တွေးနေမိတယ် *

မင်းငါ့ကို တကယ်ရော

မေ့သွားပီလား........ ???

မေ့ရော....မေ့နိုင်ရဲ့ လား

မင်းမေ့နိုင်ပေမယ့် ငါမမေ့နိုင်သေးဘူး

မင်းပေးခဲ့  အမှတ်တရလေးတွေကိုကြည့်ပီး 

ငါ့ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေကျဆင်း

ရှိုက်ကြီးတငင်ငင်နဲ့ ငါငိုနေမိတာရော

မင်းသိရဲ့ လား ???

အခုဆိုငါနေထိုင်တဲ့ ပြင်ဦးလွင်မှာအရမ်းချမ်းနေပီ

မင်းပေးခဲ့တဲ့ အနွေးထည်လေးကိုဝတ်ပီးတော့

မာဖလားကိုပတ်ပီးတော့ ငါတို့ နှစ်ယောက်အတူ

သွားခဲ့ဘူးတဲ့နေရာတွေမှာ မြင်ယောင်နေမိတယ်

ဒါပေမယ့် ငါမမေ့နိုင်တာတစ်ခုကတော့

ငါအနမ်းပေးခဲ့နေရာလေးမှာ  ငါတစ်ယောက်တည်း

ထိုင်တွေးကာ မျက်ရည်တွေ စိုရွှဲ

ရင်နာနာနဲ့ တွေးနေမိတယ် 

ငါအရမ်းချစ်ခဲ့လို့ ငါ့ကို

ထားသွားတဲ့ ကောင်မလေးရယ်......

*တစ်ခြားရင်ခွင် *

ကောင်မလေးရယ် ငါမင်းကို အရမ်းချစ်ခဲ့ပါတယ်

ငါရဲ့ ရင်ခွင်တစ်စုံကနေ

မင်းတစ်ခြားရင်ခွင်တစ်စုံရဲ့ 

နှလုံးသားလေးထဲမှာ မှီခိုနေပီမလား ?

မင်းလေးယုံကြည်ကိုးကွယ်ခဲ့တဲ့ ငါ့ရဲ့ အချစ်

မင်းမြတ်မြတ်နိုးနိုးချစ်လို့ ခေါ်ခဲ့တဲ့နာမည်

*ကို* ဆိုတာကို ငါ့နားထဲမှာ အမြဲတမ်းကြားနေမိတယ်

ရေမြေတွေခြားဝေးခဲ့ရပေမယ့် လောကကြီးရဲ့ အစွန်းတစ်ဖက်မှာ

ကျန်ရစ်ခဲ့တဲ့သူပာာ ငါတစ်ယောက်တည်းပါ

အရင်ကဆို ဖုန်းတွေ အတူပြော

ဖုန်းချခန်နီးဆို မင်းပြောခဲ့စကားလေးတစ်ခွန်း

ကို့ ကိုအရမ်းချစ်တယ် တစ်ဘဝလုံးစာအထိဆိုတာလေးကို

ငါ နားထဲမဆံအောင် ပြန်ကြားနေတယ်

ငါအရမ်းကြီးကို နောင်တရနေပါပီ ကောင်မလေးရယ်

အခုဆို မင်းတစ်ယောက်တစ်ယောက်ရဲ့ ရင်ခွင်မှာ ပြုံးပျော်နေတာကို

ငါအရမ်းကျေနပ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့

ငါဝမ်းနည်းပီးမျက်ရည်ကျချင်ကျပါစေ

ငါ့ချစ်ခဲ့တဲ့ မင်းလေး ပျော်ရွှင်နေတာလေးကို မြင်နေရရင်

ငါအရမ်းဝမ်းသာလို့ မဆုံးပါဘူး

မင်းတစ်ခြားရင်ခွင်မှာ မပျော်တော့ဘူးဆို

ငါရဲ့ ရင်ခွင်ထဲကိုဝင်လာပါလို့ 

ငါအနူးညွန့် တောင်းပန်ပါတယ် ကောင်မလေးရယ်



Friday, October 5, 2012

သီချင်းတစ်ပုဒ်ထားခဲ့ မယ်


စီးမျောတတ်တိုင်း
အချစ်မဟုတ်ဘူးကွယ်
မြစ်ဆိုတာကွေ့ ကောက်တက်မှလှတာပါ
ကမ်းနဲ့ နီးဖို့ ကူးခတ်လိုက်တိုင်း
ငါသာသတ်ပုံမှားခဲ့ တယ်
တောထဲသွားရင်
ကျားကိုက်မှာစိုးလို့ 
ခြံစည်းရိုးမှာပဲထင်းခွေလိုက်မိတာ.........

သတိရပါတယ်  ကောင်မလေးရယ်
လမ်းမှာတွေ့ ရင် ရှောင်ထွက်သွားပါ
မတော်တဆဆုံဖြစ်ခဲ့ ရင်
မသိချင်ယောင်ဆောင်သွားပါ
မင်းလေးအတွက်
သီချင်းတစ်ပုဒ်ထားခဲ့ မယ်

ငါ့ခံစားချက်(အလွမ်း)


 ►► နင်တစ်ယောက်ထဲ
ခံစားရတာမဟုတ်ပါဘူးလေ.....
နင်တို့ မိန်းကလေးတွေကမှ ..
ခံစားချက်ကို
မျက်ရည်နဲ့ ဖော်ကျူးပြသခွင့်ရှိပါသေးတယ်ဟာ....
ငါ့မှာတော့..ကျခွင့်မရှိတဲ့ မျက်ရည်တွေကို
ယောက်ျားတစ်ယောက်ရဲ့...မာနတွေနဲ့ ထမ်းပိုးထားရင်း...
ကိုယ့်အတ္တနဲ့ ကိုယ်..စီးချင်းထိုးနေရပါတယ်ဟာ..
ကောင်မလေးရေ..
အရင်က..အလွမ်းသီချင်းတောင်နားမထောင်တတ်တဲ့ ငါ....
(နင့်ကြောင့်ရယ်လို့ တော့မစွပ်စွဲပါဘူး)
အခုတော့...
အဆွေးကိုယ်စားပြု........
                                             အသဲကွဲကဗျာတွေဖွဲ့ သီတတ်နေပြီဟာ ◄◄

Related Posts Plugin for WordPress, Blogger...