သိပ်ချစ်ရတဲ့ ချစ်သူလေးကို
နေ့တွေအဆက်ဆက်
လွမ်းရတာလဲ
မောလှပြီ ချစ်သူရယ်.....
ပြန်လာချိန်ကို
ရေတွက်ရတဲ့နေ့တိုင်း
ခဏခဏ နဲ့မို့
မိုးရာသီရဲ့ ဂျူလိုင် မိုးစက်လေးတွေတောင်
သတိမထားခဲ့မိဘူးပေါ့..
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်
ကုန်လွန်ပြီ ချစ်သူရေ.....
မင်း ငါ့ဆီကိုရောက်မလာနိုင်သေးဘူးနော်..
လွမ်းရလွန်းလို့ညတိုင်း
ငါနဲ့အတူတူ မိုးစက်လေးတွေတောင်
အိပ်စက်ဖို့မေ့နေကြတယ်
မင်းမလာမှန်းသိပေမယ့်လည်း
မျှော်နေမိတဲ့ ငါ့စိတ်တွေကို
ဂျူလိုင်မိုးစက်တွေထဲမှာ နှစ်ထားရတော့မှာလား
ပြန်လာပါဦး ချစ်သူရယ်
ငါလွမ်းလွန်းလို့ပါနော်.............။
No comments:
Post a Comment