Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: onlineမမ"

Friday, July 27, 2012

onlineမမ"


မမ...
မျက်နှာမြင်ခွင့်မရပေမယ့်
မ...ပုံရိပ်တွေ တမ်းတ
မှန်းဆကြည့်ဘူးတယ်.....။
မမ...
စကားသံချိုချိုကြားခွင့်မရပေမယ့်
မ...နှုတ်ဖျားက သံစဉ်ကို
စိတ်ကူးနဲ့ နားဆင်ကြည့်ဘူးတယ်.....။
မမ...
ရင်... ရင်ချင်းကပ်
ပါးမအပ်ဘူးပေမယ့်
မောင်...နှလုံးသားက
ခု...လွမ်းဖျား ဖျားနေတတ်ပြီ.....။
မမရေ...
onlineထဲတွေ့ဆုံခဲ့ကြတာဆိုပေမယ့်
လှေနံဓားထစ်
မ...ကို မောင်...ချစ်မိနေပြီဆိုတာပါပဲ.....။ 
          (  ကိုညီထွေးရေးသားချင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...