တမ်းတမှုတွေနဲ့ နလန် မထူနိုင်တဲ့နေ့တွေမှာ
မင်း........ငါ့ကိုမေ့နေမှာပါ ။
မင်းကိုချစ်ရလွန်းလို့
လွမ်းဆွတ်မှုတွေနဲ့ ငါသွေးပျက်လို့ရူးနေချိန်မှာ
မင်း......တခြားမှာပျော်နေမှာပါ ။
မင်းကို မေ့မရလို့
ညဥ့်နက်သန်းခေါင် ကဗျာတွေရေးရင်း
ငါငိုနေချိန်မှာ
မင်း... အိပ်မက် လှလှ မက်နေမှာပါ ။
အဝေးကြီးကနေ
မတော်တဆ ယောင်ယမ်းပြီးများ
မင်းအတွေးထဲ စက္ကန့်ပိုင်းလောက်
ငါရောက်ခဲ့ရင်
မင်း....ပြုံးနေလိုက်ပါ ။
ငါ့ အချစ်က မင်းကို
ရယ်စရာတစ်ခု ဖြစ်စေခဲ့မယ်ဆိုရင်ပဲ
သေရာပါမယ့် အလွမ်းဒဏ်ရာတွေနဲ့
နာကျင် ၀မ်းနည်းစွာ
No comments:
Post a Comment