Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: Unknown

Sunday, November 4, 2012

Unknown

တုန်ခါယိမ်းထိုးမှုနဲ့စခဲ့တဲ့
တည်ငြိမ်မှုမဲ့ စီးကြောင်းတစ်ခု
ခေတ်ရဲ့သယ်ဆောင်ရာ စီးဆင်းစိတ်နဲ့
ဝေးရာမှာ ကြီးပြင်းခဲ့ရတယ် . . .

နံနက်ခင်းတိုင်းမှာ
ငယ်ဘ၀ရဲ့တေးကိုသီ
ချစ်သူရဲ့ အနမ်းတွေကို ပြန်စီရင်း
ကောင်းကင်ကားချပ်မှာ ပန်းချီဆွဲ
ငါ့တကိုယ်လုံးလည်း အလွမ်းတွေနဲ့ စိုစိုရွှဲလို့ . . .

တခုသောမနက်ဖြန်မှာ
မင်းချစ်တဲ့ အိမ်လေးရှိရာ
မင်းပြန်ရမှာတဲ့
မရေရာမှုတွေများစွာထဲ
အဲဒါရော ဘယ်လောက်သေချာမှာလဲ
ငါမမျှော်လင့်ရဲဘူး
ဘာပဲဖြစ်ဖြစ်
ငါ့စိတ်ကူးတွေကို ရွက်လွှင့်မယ်
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာ
ပျော်ခဲ့ဖူးတဲ့ နေ့ညများစွာ
ငါ့မိသားစုလေး ရှိရာဆီကိုပေါ့...။

ဒီကဗျာလေးနဲ့ တစ်ထပ်တည်းကျနေလို့ တင်လိုက်တာပါ စာရေးသူနာမည်ကိုတော့ကျွန်တော်မသိတော့လို့ ပါသိရင်နာမည်ရေးလ်ုကချင်ပါတယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...