Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡

Tuesday, April 30, 2013

* ဝေဒနာအလွမ်း*

အလွမ်းတွေရင်မှာပိုက်ပီး...

ကမ်းမမြင်လမ်းမမြင်တဲ့လမ်းတွေမှာ

ငါတစ်ယောက်တည်းလျှောက်လမ်းပီး

ဆေးလိပ်တစ်ဖွာ ညဏ်တထွာလို ရူးရှိုက်တော့..

အတွေးတွေထဲမှာလည်း


 မင်းလေးကိုပဲသတိရမိတယ်

ချစ်သူလေးရယ်....

By>>>အလွမ်းဆွေးသမားလေး(PLP)

အလွမ်းရင်ခွင်


အလွမ်းတွေနဲ့ ရင်မှာပြည့်ကျပ်နေတဲ့ငါ့ရင်ခွင်

မင်းလေးလှမ်းမမြင်...

သတိတရနဲ့ လှမ်းမြင်ရင်

ကိုကျေနပ်နေနိုင်သလို....

ဘဝတစ်သက်လုံးအတွက်

ရည်ရွှယ်ထားပီးချစ်ခဲ့တဲ့ချစ်သူလေးရယ်...

ဘယ်ဆီမှာမင်းရောက်နေသလဲလို့ 

တိုးတိုးတိတ်တိတ်လေး

ဂစ်တာလေးတီးပီး

သီချင်းတစ်ပုဒ်လောက်

ဆိုညည်းခွင့်ပြုပါ ချစ်သူရယ်...





By>>>အလွမ်းဆွေးသမားလေး(PLP)

Thursday, February 21, 2013

ကြုံဖူးလား

ရည်းစားတွေဖြစ်လာပီဆိုရင်တော့
အရာအားလုံးက ထပ်တူကျနေတာပါပဲ...
ဒါပေမယ့် တစ်ခုရှင်းပြချင်ပါတယ်ရည်းစားရှိရက်နဲ့ 
 ကောင်လေးတစ်ယောက်ကို
ကောင်မလေးတစ်ယောက်ကချစ်တယ်ဆို 
သိပ်သဘာဝမကျဘူး
အရမ်းကိုအတ္တဆန်ပါတယ်...
မိန်းခလေးတွေကိုလည်းအပစ်ပြောနေတာ မပာုတ်ပါဘူး...
ယခုခေတ်မှာဖြစ်ပျက်နေတာလေးတွေကိုသေချာရှင်းလင်းပြတာပါ ....
ချစ်သူနှစ်ဦးကြားယိုင်လဲစေမယ့် စကားတွေကို.
ဘေးကကောင်မလေးကဝင်ပြောမယ် တိုက်တွန်းမယ်
 ကောင်မလေး ဘက်ကို ပါလာအောင်
ရေလာမြောင်းပေးလုပ်မယ်ဆိုပါတော့....
ဘယ်လိုမှ မဖြစ်လာနိုင်ပါဘူး....စဉ်းစားကြည့်နိုင်ပါတယ်
ကောင်မလေးက ကြိုးစားလေ
ချစ်သူနှစ်ဦးရဲ့ ကြားထဲမှာရှိတဲ့ အချစ်သံယောဇဉ်ကြိုးတွေက
ခိုင်မြဲလေပါပဲနော်...တစ်ခုလောက်မေးပါရစေ
ခင်ဗျားတို့ ရော ကြုံခဲ့ဖူးသလားဗျ

Friday, December 14, 2012

♥♥♥အရမ်းလွမ်းတယ်....***

မမေ့ဘူးဆိုတဲ့ စိတ်နဲ့ နင့်ကို လွမ်းတယ်…

နင့် မလွမ်းတဲ့ စိတ်နဲ့  ငါလွမ်းတယ်….

နင်က အလွမ်းနဲ့  ခပ်စိမ်းစိမ်းပေါ့ …….

လွမ်းဆွေးမူတွေကြားမှာ ငါ တိတ်တိတ်လေး..

ရှင်သန်နေတာ ငါပါ……….

မနေ့က နေ့ ကွယ်ခဲ့တယ် မနက်ဖြန်လည်း နေသာနေဦးမှာပါ…

မိုးရွာချင်လည်း ရွာလိမ့်မယ်...

မနေ့ ကချစ်ခဲ့ သလို မနက်ဖြန်တွေမှာလည်း

ငါ ချစ်နေဦးမယ် ချစ်သူ………

ပြောင်းလဲနေတဲ့  အချိန်တွေကြားမှာ... …

ချစ်ခြင်းတရားတွေနဲ့  တေးသီ မင်းကို ချစ်တယ် ….

တိုးတိုးလေး ညည်းဆို ဆဲပါ ချစ်သူ….အရမ်းလွမ်းတယ်.....

ကောင်မလေးရယ် 


By>>>အလွမ်းဆွေးသမားလေး(PLP)

Wednesday, December 12, 2012

**ချစ်နေဆဲပါ**

မိုးရွာလည်း   လွမ်းတယ်

နေပူလည်း    လွမ်းတယ်

ဘစ်ကားပေါ်တာင်   လွမ်းတယ်

အလွမ်းတွေ  ရင်မှာပြည့်

နင့်ကို ငါ အရမ်းလွမ်းနေတယ် ချစ်သူ

မတွေ့တာကြာပေမယ့်

နင့်အသံ မကြားရပေမယ့်လည်း 

ဖုန်းဆက်မယ်ပြောထားလည်း

အသံမကြားးဖူးပေမဲ့ လည်း

င့ါနားထဲမှာ နင်အသံ  
 
အမြဲကြားနေတယ်  ချစ်သူ

ခုချိန်ထိ ...နင်ကို

ငါချစ်နေဆဲ... ချစ်သူ။။
 
 
 
                     BY>>>>> အလွမ်းဆွေးသမား

♥ကဗျာရေးသားခြင်း♥

ကောင်မလေးရေ
ထွက်သွားတော့မယ်လို့
ဘယ်တော့မှ
မင်းလေးနုတ်ခမ်းက
မထွက်လိုက်ပါနဲ့
ကို မင်းလေးကို မခွဲနိုင်သေးလို့ပါ......
မင်းလေး
တကယ်လိုများ
မင်းကကို့ အနားမှာ
ရှိမနေချင်တော့ဘူးဆိုလဲ
ကို့ ကို အသိမပေးပါနဲ့
တိတ်တိတ်လေးသာ
ထွက်သွားပေးပါ
ကို့ အနားမှာ  မင်းလေးရှိနေသေးတယ်ဆိုတဲ့
ခံယူချက်နဲ့
ကိုအသက်ရှင်နေချင်သေးလို့ပါ
ကောင်မလေးရယ်
ကို့ ရင်ထဲမှာ
ကိုက မင်းလေးကိုမုန်းနေတယ်လို့
ဘယ်တော့မှ မတွေးပါနဲ့
ကို့ ရဲ့ ချစ်ခြင်းက
ဘယ်တော့မှ အနိုင်မယူသလို
ဘယ်တော့မှလဲ မုန်းမှာမဟုတ်တဲ့
မင်းလေးရဲ့ မုသားသာဝါဒ စကားလုံးတွေရဲ့အောက်မှာ
ဒူးထောက် အရှုံးပေးနေသူ ဖြစ်နေလို့ပါ..........
ကောင်မလေးရယ် 




BY>>>>> အလွမ်းဆွေးသမား(PLP)

♠•♣☺အချစ်စစ်♠☻

အချစ်စစ်
မချစ်သင့်မှန်းသိပေမယ့်
ချစ်မိတဲ့ငါ့နှလုံးသားကို
အကြိမ်ကြိမ်အခါခါဆုံးမနေတဲ့ကြားက
နင့်ရဲ့အကြည့်တွေမှာတွေဝေသွားတတ်တာ
ငါအသိဆုံးပါ အဆုံးမရှိတဲ့လမ်းမို.
မလျောက်ချင်တဲ့ငါ့ကို
သတ္တိမရှိဘူးလို.သာ
နင်စွပ်စွဲလိုက်ပါ
ဒါပေမယ့်......
ငါ့ရင်ထဲကအချစ်တွေကတော.
နင့်အတွက်.......
ဘယ်တော.မှ ရိုးမသွားဘူးဆိုတာ
ငါကတိပြုရဲတယ်..............
ကောင်မလေးရယ်.........♥♥♥♥



By>>> အလွမ်းဆွေးသမားလေး(PLP)
Related Posts Plugin for WordPress, Blogger...