Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ♥ကဗျာရေးသားခြင်း♥

Wednesday, December 12, 2012

♥ကဗျာရေးသားခြင်း♥

ကောင်မလေးရေ
ထွက်သွားတော့မယ်လို့
ဘယ်တော့မှ
မင်းလေးနုတ်ခမ်းက
မထွက်လိုက်ပါနဲ့
ကို မင်းလေးကို မခွဲနိုင်သေးလို့ပါ......
မင်းလေး
တကယ်လိုများ
မင်းကကို့ အနားမှာ
ရှိမနေချင်တော့ဘူးဆိုလဲ
ကို့ ကို အသိမပေးပါနဲ့
တိတ်တိတ်လေးသာ
ထွက်သွားပေးပါ
ကို့ အနားမှာ  မင်းလေးရှိနေသေးတယ်ဆိုတဲ့
ခံယူချက်နဲ့
ကိုအသက်ရှင်နေချင်သေးလို့ပါ
ကောင်မလေးရယ်
ကို့ ရင်ထဲမှာ
ကိုက မင်းလေးကိုမုန်းနေတယ်လို့
ဘယ်တော့မှ မတွေးပါနဲ့
ကို့ ရဲ့ ချစ်ခြင်းက
ဘယ်တော့မှ အနိုင်မယူသလို
ဘယ်တော့မှလဲ မုန်းမှာမဟုတ်တဲ့
မင်းလေးရဲ့ မုသားသာဝါဒ စကားလုံးတွေရဲ့အောက်မှာ
ဒူးထောက် အရှုံးပေးနေသူ ဖြစ်နေလို့ပါ..........
ကောင်မလေးရယ် 




BY>>>>> အလွမ်းဆွေးသမား(PLP)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...