Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ရင်ခွင်သစ်

Wednesday, December 5, 2012

ရင်ခွင်သစ်

စံပယ်လိုဖြူ ခရေလိုမွှေး
စမ်းရေလိုအေး အနမ်းတွေကို
ပေးခဲ့ဖူးတဲ့ ချစ်သူရေ
အခုတော့...
ငွေဆိုတဲ့ ဂုဏ်ပကာသန တွေရဲ့အောက်မှာ
မင်း ပျော်နေပြီပေါ့
ဖြူစင်တဲ့ အသည်း
အေးမြတဲ့ မေတ္တာ
ထားခဲ့ဖူးတဲ့ ကတိစကားတွေ
ဘယ်ရောက်ကုန်ပြီလဲ
အတိတ်ကို အရိပ်မှာထားလို့
ကိုယ့် နှလုံးသားနဲ့ဝေးရာဆီ
မင်း ထွက်ခွါသွားခဲ့ပြီပေါ့
( ရင်ခွင်သစ်ကိုသွားတဲ့သူကို )
ကိုယ် အပြစ်မတင်ရက်ပါဘူး
ထားရက်နိုင်လွန်းလို့ ထားခဲ့တာဘဲလေ
မင်း ဘ၀အတွက်
မင်း ရွေးချယ်ခဲ့တဲ့လမ်း
ထာဝရ ပျော်ရွှင်စွာ
လျှောက်လှမ်းနိုင်ပါစေလို့
ကိုယ် ဆုတောင်းပေးရုံကလွဲရင်
ဘာများတတ်နိုင်အုံးမှာလဲ
ဒါပေမယ့်...
ကိုယ် တစ်ခုတော့
မေးချင်တယ်
မင်း ချစ်သူကရော
ကိုယ့်လောက်ချစ်ရဲ့လားလို့ပေါ့ မေးချင်တယ်ကောင်မလေး၇ယ်


 By >>>>အလွမ်းဆွေးသမားလေး(PLP)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...