ငါရင်ခုန်နေသေးတယ်
ရင်ခုန်ခြင်းရဲ့တစ်နေရာမှာပေါ့
ဒီနေ့ရဲ့ သန်းခေါင်ယံညလေးဟာ
ဟိုအရင်ကသန်းခေါင်ယံညလေနဲ့
ဘာမှမသက်ဆိုင်သလိုပဲ
တိတ်ဆိတ်လွန်းတဲ့ ဒီအခန်းလေးထဲ
ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ပြန်ကြားနေသလိုပဲ
နံရံပေါ်က မင်းဓါတ်ပုံ
ခေါင်းအုံအောက်က ဒိုင်ယာရီ
စာအုပ်ထဲက မင်းလက်ရေးတွေ ပြန်လည်ဖတ်တိုင်း
ငါ့နှလုံးသားထဲက မျက်ရည်တွေကို
ဘယ်လိုမျိုးခွန်အားတွေနဲ့ ငါတားဆီးပိုင်ခွင့်ရှိမလဲ
ကောင်မလေးရယ်.....
တကယ်လို့ မင်းသာ ခိုဝင်နားဖို့ ရင်ခွင်လိုအပ်ခဲ့ရင်
အရင်ကလို နှစ်သိမ့်ဖို့ စကားလုံးတွေလိုအပ်ခဲ့ရင်
ရင်ခုန်ခြင်းရဲ့တစ်နေရာမှာ . . .
ငါရှိနေသေးတယ်။။။
No comments:
Post a Comment