Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: တစ်နေ့ နေ့ ပေါ့

Tuesday, August 28, 2012

တစ်နေ့ နေ့ ပေါ့


ငါ့နောက်ကွယ်မှာ ဘယ်သူနဲ့ 
တွဲနေလဲငါမသိခဲ့ဘူး
ရင်ထဲမှာတော့
အစဉ်အမြဲခံစားနေရတယ်
မင်းလေးရဲ့ 
ဘဝကတော့အေးချမ်းနေတယ်
ငါဘဝကတော့နေလိုပူနေတယ်
ခက်ခဲကြမ်းတမ်းနေတယ်
ထမင်းတောင်နပ်မမှန်
တစ်ချို့ ကိစ္စတွေကိုတော့
မင်းလေးကတော့လက်ခံ
ဒါပေမယ့် နောက်တစ်ယောက်
ရှိတာကိုငါ့ကိုအသိမပေး
ငါဆိုတဲ့ကောင်က
ချစ်မိသွားတာ အပစ်လား
မင်းစိတ်ကြိုက်လုပ်နိုင်တယ်
ခွဲချင်ခွဲ နွားသလိုခိုင်းချင်ခိုင်း
ပတ်သက်တာတွေကိုပြန်ကြည့်မယ်ဆို
ငါ့ဘက်က မင်းလေးအပေါ်
ဘာအမှားတစ်ခုမှမလုပ်ခဲ့ဘူး
မင်းချစ်သူရှိတာတောင်
ငါ့နဲ့ အီသေးတယ်
ငါနားလည်ပေးပါတယ်
မင်းပျော်ရွှင်ရင်ငါကျေနပ်ပါတယ်
အရင်ကဖြစ်ခဲ့တဲ့ဇာတ်လမ်းကို
မင်းခေါင်းထဲကနေ
ထုတ်ပစ်လိုက်ပါတော့ကွာ
လမ်းမှာတွေ့ ရင်လည်း
မသိသလို မျက်နှာနဲ့ နေလိုက်ပါ
အမျိုးမျိုးတက်နိုင်လွန်းတယ်
နင့်မာယာတွေက
အရမ်းကိုကြောက်ဖို့ ကောင်းတယ်
ငါလည်းနင့်ကိုမေ့ ပစ်လိုက်နိုင်ပါတယ်
တစ်နေ့ နေ့ ပေါ့


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...