သာယာတဲ့ဥတုနဲ့ယဉ်ပါးနေတဲ့
အမြဲစိမ်းသစ်တောမှာလည်း
ခြောက်သွေ့ပေးရတဲ့ရာသီတွေရှိတယ်!
ပျော်ရွှင်နေတဲ့လူတစ်ယောက်မှာလည်း
ဝမ်းနည်းစေတဲ့ပယောဂတွေ
ထိုးနှက်တတ်တဲ့အချိန်ခါရှိတယ်!
ဘာလိုလိုနဲ့...
အဲ့ဒီ့အချိန်ကာလကြီးကို
ငါ့နေ့ရက်တွေထဲ ထမ်းပိုးထားရဦးမယ်!
ဖြစ်နိုင်ရင်တော့...
တန်ပြန်နိုင်တဲ့မှန်တစ်ချပ်ပေါ်
အဲ့ဒီ့ပိုးမွှားတွေခါချခဲ့ချင်တာ!
အဲ့ဒီ့လို...
အဖြူရောင်နေ့တွေကိုစောင့်စားရင်းနဲ့ပဲ
ငါခြောက်ခြားတဲ့မြွေဆိုးတွေကြား
ဒီအသက်ကို ဆွဲဆန့်ထားရဦးမယ်!
ပျော်ရွှင်နေတဲ့လူတစ်ယောက်မှာလည်
ဝမ်းနည်းစေတဲ့ပယောဂတွေ
ထိုးနှက်တတ်တဲ့အချိန်ခါရှိတယ်!
ဘာလိုလိုနဲ့...
အဲ့ဒီ့အချိန်ကာလကြီးကို
ငါ့နေ့ရက်တွေထဲ ထမ်းပိုးထားရဦးမယ်!
ဖြစ်နိုင်ရင်တော့...
တန်ပြန်နိုင်တဲ့မှန်တစ်ချပ်ပေါ်
အဲ့ဒီ့ပိုးမွှားတွေခါချခဲ့ချင်တာ
အဲ့ဒီ့လို...
အဖြူရောင်နေ့တွေကိုစောင့်စားရင်
ငါခြောက်ခြားတဲ့မြွေဆိုးတွေကြား
ဒီအသက်ကို ဆွဲဆန့်ထားရဦးမယ်!
No comments:
Post a Comment