Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: အရှုံးသမားတစ်ယောက်ပါ

Tuesday, August 28, 2012

အရှုံးသမားတစ်ယောက်ပါ

မင်းလေးနဲ့ ပတ်သက်လာရင်
ငါကအရှုံးသမားတစ်ယောက်ပါ
တကယ်ချစ်တဲ့သူကရှုံးတယ်ဆိုတဲ့
စကားကအရမ်းမှန်ပါတယ်....
မင်းလေးလုပ်ချင်တာကို
ဘယ်သူ့ မှမကြည့်ပဲလုပ်တတ်တဲ့
ကလေးဆန်တဲ့
မင်းလေးလုပ်ရပ်တွေက
ငါ့အတွက်တော့
စိတ်တိုရခက်တယ်အချစ်ကလေးရယ်
ဒါပေမယ့်
မင်းလေးချစ်သူတစ်ယောက်အနေနဲ့
မင်းလေးအခြားသူတွေကို
အပျော်တွဲတာကို သိရက်သားနဲ့
မင်းလေးလဲငါသိနေတာသိရဲ့နဲ့
ငါ့ရှေ့မှာရက်ရက်စက်စက်
ထားခဲ့တာကိုတော့
စိတ်မကောင်းဖြစ်မိတယ်
ကောင်မလေးရယ်
မင်းလေးဘာလုပ်လုပ်
မင်းလေးကိုတကယ်ချစ်တဲ့အတွက်
မင်းလေးအခြားသူတွေနဲ့
အပျော်တွဲရတာစိတ်ကုန်သွားတဲ့
တစ်နေ့ နေ့ 
ငါ့ရင်ခွင်ကိုပြန်လာခဲ့ဖို့တော့
မမေ့ပါနဲ့..
ကောင်မလေးရယ်............

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...