Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ♥♥♥အလွမ်း♥♥♥

Friday, August 3, 2012

♥♥♥အလွမ်း♥♥♥

လွမ်းစရာရှိရင်
နာစရာနဲ့ဖြေတဲ့
ငါကတော့…..
နာစရာရှိတိုင်း…လွမ်းနေမိတယ်
တကယ်ဆို…ငါဟာ
ပေးဆပ်မှုတွေကို
ရက်စက်မှုတွေနဲ့တုံ့ပြန်မယ့်
နေမင်းကြီးကို……..
စောင့်မျှော်နေရတဲ့
နေကြာပန်းတစ်ပွင့်လိုပါ။
နင်ပေးတဲ့…..
ရက်စက်မှုတွေကိုမှ
အင်အားပြုပြီး..
ရှင်သန်နေချင်သူလေ။
ကျေးဇူးပြုပြီး…
ငါ့မျှော်လင့်ချက်…..
နင့်ရက်စက်မှု…လင်းရောင်ခြည်တွေကို
ဥပေက္ခာတိမ်တိုက်တွေနဲ့တော့
ဖုံးကွယ်မထားလိုက်ပါနဲ့နော်၊
ငါ့ဝင်သက်ထွက်သက်တွေ
ရပ်တန့်သွားမှာမို့ပါ….အသက်ရယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...