Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: မင်းစိတ်တိုင်းကျအချစ်♥♥♥

Sunday, July 29, 2012

မင်းစိတ်တိုင်းကျအချစ်♥♥♥

တိတ်ဆိတ်နေတဲ့ညရယ်
Ringtone မမြည်တဲ့ဖုန်းတစ်လုံးရယ်
မျက်ရည်တွေနဲ့ကောင်လေးတစ်ယောက်ရယ်…
ဒီလိုနဲ့ပဲ ညဟာ အကျည်းတန်နေခဲ့တယ်….
နားလည်မှုနဲ့ချည်နှောင်ထားခဲ့တဲ့
သံယောဇဉ်ကြိုးက ဘယ်အချိန်ထိများ
ရစ်ပတ်နေပါ့မလဲ
တွေးရင်းရူး
ရူးသွားမယ်ဆိုတောင် တွေးနေခဲ့မယ့်သူပါ
လိုရင်ချစ် မလိုရင်ပစ်မယ်ဆိုတောင်
ငေးကြည့်ရုံမှအပ
မတတ်နိုင်ခဲ့သူဆီက
ဘာတွေများလိုချင်သေးလဲ
အပြုံးတွေနဲ့လည်း သူပြုစားဖူးတယ်
စကားလုံးတွေနဲ့လည်း အိပ်မက်တွေကို
သူသိမ်းပိုက်ဖူးတယ်
အကြိမ်ကြိမ် အခါခါ
သူ့ဆီမှာ အထပ်ထပ် ကျရှုံးဖူးတယ်
ဒါနဲ့များ ဒါနဲ့များလေ
ငေးကြည့်ရုံမှအပ
မတတ်နိုင်ခဲ့သူဆီက
ဘာတွေများလိုချင်သေးလဲ
ချစ်သူရယ်...♥♥♥

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...