Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: လျှို့ဝှက်ချက်ဖြစ်နေတတ်သော....အချစ်

Sunday, July 29, 2012

လျှို့ဝှက်ချက်ဖြစ်နေတတ်သော....အချစ်

နင့်ကိုငါ သိပ်ချစ်တယ်ဆိုတာ
နင်ဘယ်တော့မှသိမယ်မထင်ဘူး
နင်ချစ်တာက
နင့်ရဲ့အလုပ်တွေ နင်ရဲ့ဝါသနာတွေ
ငါနင့်ကိုမျှော်နေတဲ့အချိန်တွေမှာ
နင်ငါ့ကိုမေ့နေတတ်တယ်
ငါနင့်ကို လိုအပ်တဲ့အချိန်မှာ
နင်အဝေးရောက်နေတတ်တယ်
နောက်ဆုံး
ငါဝမ်းနည်းနေချိန်မှာတောင်
နင်ဟာ အဖော်ကောင်းတစ်ယောက်
ဖြစ်မနေတတ်ခဲ့ဘူး
အဲဒီအတွက်တော့
ငါနင့်ကို စိတ်နည်းနည်းဆိုးချင်တယ်
တစ်ခါတစ်ခါ
ချစ်သူတွေ ခေါင်းစဉ်အောက်က
နင်နဲ့ငါက သူစိမ်းနှစ်ယောက်ဖြစ်နေတတ်တယ်
တစ်ခါတစ်ရံကျတော့လည်း
ငါက နင့်ကိုနားမလည်ပေးနိုင်သူအဖြစ်
နင်ကငါ့ကို ဥပေက္ခာပြုသူအဖြစ်
ငါတို့အချင်းချင်း မုန်းနေတတ်ကြတယ်
ရင်ထဲကနှလုံးသားကတော့
တည်ငြိမ်အေးစက်သယောင် ဖြစ်နေတတ်တယ်
ဒါပေမယ့်လည်း ငါနင့်ကို သိပ်ချစ်ပါတယ်
နင်ကတော့
နင့်ကိုငါ သိပ်ချစ်တယ်ဆိုတာ
နင်ဘယ်တော့မှသိမယ်မထင်ဘူး.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...