Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: “အမှတ်တမဲ့မိုးည”

Tuesday, July 31, 2012

“အမှတ်တမဲ့မိုးည”

မိုးမြူတွေငိုကြတဲ့ ညတစ်ညမှာပေါ့
တိမ်တွေပြိုလို့တစ်ကိုယ်လုံးစိုနေတဲ့
အဖြူရောင်နတ်သမီးလေးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဆံနွယ်ရှည်လေးနဲ့ အရမ်းလှတဲ့ကောင်မလေးရေ....
အဲ့ထိအချိန်ကစလို ငါ့အနာဂတ်တွေကိုစိုးမိုးခဲ့ပါတယ်။
အညှိုးနဲ့ရွာခဲ့တဲ့မိုးရေ မဆဲပဲ အသဲအမဲ
အလွမ်းတွေအအေးပက်တဲ့ အထိသာ
ရွာလိုက်ပါတော့မိုးရယ်...
အမှတ်တမဲ့နဲ့ တွေလိုက်တဲ့မင်း
အမှတ်တမဲ့ ဇာတ်လမ်းတွေမင်းထားခဲ့ပြီး
အမှတ်တမဲ့နဲ့ပဲ (မပြောမဆို)
ငါ့မြင်ကွင်းထဲကပျောက်ကွယ်
အဝေးကိုပြေးထွက်သွားခဲ့သူရယ်...
အခုတော့ဖြင့် ငါ့မှာ
အမှတ်တမဲ့ အလွမ်းတွေနဲ့
အမှတ်တရရှိနေတဲ့ ဒီလူတစ်ယောက်တော့
တိမ်မြူတွေရဲ့မျက်ရည်တွေကို အဖော်ပြုလို့
တစ်ယောက်တည်းနေတတ်ခဲ့ပြီလေ...
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ဒီမိုးစက်လေးတွေကိုပဲ
မင်းပေးတဲ့လက်ဆောင်အဖြစ်ကျေနပ်စွာ
ခံယူလိုက်ပါ့မယ် ချစ်သူရယ်...။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...