Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ♥♥♥ဖြောင့်ချက်♥♥♥

Saturday, July 28, 2012

♥♥♥ဖြောင့်ချက်♥♥♥



 ဂန္တဝင်မှာ စာမတင်ချင်ဘူး

ငါ့သမိုင်းမှာလဲ အမှောင်မကျစေဘူး

တကြိမ်သာ ကြွေဆင်းခဲ့ပေမယ့်

ငါ့အိမ်မက် အရောင်မညစ်ခဲ့ပြန်ဘူး

စုံကမ်းခဲ့လို့ အတွေ့ ဆိုးများက

ဒီနေ့ထိ ခြောက်ခြားနေဆဲပဲ

ကြေကွဲခြင်း အတိတ်တွေကြောင့်

ရင်ခုန်သံအသစ် ပျက်ယွင်း

ဖြူစင်မှုကို အင်္ဂါမစုံစေမှာတဲ့လား

ငါ…………..

ငိုကြွေးနေဆဲ

ငါ…………..

ပျော်မြူးနေဆဲ

ဒီခြားနားချက် နှစ်ခုကြား

အလွမ်းသင့်ဒဏ်ရာပေါ်

လွဲချော်မှုတွေ ထပ်ဆင့်ပြီး

အထိန်းအကွပ်မဲ့စွာ လွင့်မျောနေတဲ့

လက်ကျန် အတောင်တစ်ဖက်တော့

ဒီတစ်ခါ…………..

အရှိန်ပြင်းပြင်း မရိုက်ခတ်ပါရစေနဲ့ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...