Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ကြယ်လေးများရဲ့ ဒိုင်ယာရီ

Friday, July 27, 2012

ကြယ်လေးများရဲ့ ဒိုင်ယာရီ

မင်းရယ် ငါရယ်
ကာရံတူတည်ဆောက်ထားတဲ့ ဒီကမ္ဘာကြီးထဲမှာပေါ့ . . . . .
လူထူထူ အကြည့်စိမ်းတွေများတဲ့
နေ့အလင်းထုတွေအောက်မှာ
တည်ဆောက်ထားတဲ့ ခံယူချက်တွေ
ခိုင်မာနေလိုက်ပုံများ
မာလွန်းတဲ့ ကျောက်ဆောင်တောင်
အရှုံးပေးလောက်ရဲ့
အစီအစဉ်မကျတဲ့ ရက်စွဲတွေကြားမှာ
(ငါတို့) သဏ္ဍာန်တူစီးမျောနေကြရင်း
အခုဆို ကကွက်တွေ လှပလာခဲ့ပေါ့
ဘယ်ခါ မမောနိုင်ပါဘူးလေ . . . . .

တစ်ခါတစ်လေမှာ တစ်ယောက်တည်းရှိတိုင်း . . . . .
ဝိုးတ၀ါးအမှောင်ထု ပိန်းပိတ်အောင်ရှိတဲ့
ညဥ့်နက်နက်တွေမှာ
ကာရံမထားတဲ့ အလွမ်းတွေ
ပြေးလွှားနေကြပုံများ
ဖိုးရွှေလမင်းတောင်
ထိုင်ငေးနေရရဲ့
အလီလီသွားနေတဲ့ နာရီလက်တံတွေကြားမှာ
(ငါတို့) အြံကိတ်ခံ နာကျင်နေရင်း
အခုဆို အတော်ခံနိုင်ရည်ရှိလာပေါ့
ဘယ်ခါ မပျောက်ပျက်ပါဘူးလေ . . . . .

ဒါပေမယ့်လည်း . . . . .
တိမ်ပန်းချီတွေဖွေးဖွေးလှုပ်နေတဲ့
ညနေခင်းတွေမှာ
အနားသတ်မထားတဲ့ ချစ်ခြင်းတွေ
ပြန့်ကြဲနေကြပုံများ
အိပ်တန်းတက်ငှက်တွေကတောင်
ရှောင်ပြေးနေရရဲ့
တရွေ့ရွေ့ပြောင်းနေတဲ့ သက္ကရာဇ်တွေကြားမှာ
(ငါတို့) အလိုက်သင့်စီးမျောနေရင်း
အခုဆို အတော်ခရီးရောက်လာခဲ့ပါပေါ့
ဘယ်ခါ မမေ့နိုင်ပါဘူးလေ . . . . .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...