Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ကောင်မလေးရေ.........

Sunday, July 29, 2012

ကောင်မလေးရေ.........

ကောင်မလေးရေ……
နင်မရှိတော့ မှ……
ရွက်ခြောက်တွေကို  လှေလုပ်စီး….
မျက်ရည်မြစ်ကြီးမှာလည်း….
အဆွေးတွေနဲ့ စီးမျော….
မပြီးနိုင်တဲ့  အချိန်ရဲ့ သဘောကို
လွမ်းချင်းတွေနဲ့ ရောဖူးတယ်…

ကောင်မလေးရေ…..
နင်မရှိတော့မှ…..
အချိန်မှန် ရွေ့လျားတဲ့  နာရီ တစ်လုံးရဲ့ဘေး
မျက်ရည်တွေနဲ့ ဆွေးလို့
အချိန်တွေရယ် ပြေးနေတာကို
အတွေးတွေ နဲ့ ငေးဖူးတယ်…..

ကောင်မလေးရေ……
နင်မရှိတော့မှ…..
တမ်းတမှုတွေ ငါ့ရှေ့ချ….
မှန်းဆ မရတဲ့ တို့နှစ်ယောက် အချစ်တွေကို
မျှော်လင့်ခြင်းတွေနဲ့ ရောသမ
လွမ်းလှလို့ မောရ
ပြောမရအောင်  ကြေကွဲရတယ်……

ကောင်မလေးရေ……
အတိတ်တွေ ကြားကို  တို့နှစ်ယောက်ပြေး……
နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရဲ့ နဘေးကို
ပန်းတို့ရဲ့ အရာ နက်ကလေး
နမ်းလို့သာ ငါရယ် ပေးချင်တယ်……

ကောင်မလေးရေ……
ချစ်ရက်နဲ့ မညားရတဲ့ တို့ဘ၀….
ဟို အတိတ်ညတွေ……လုံးဝကို မေ့မရ
ရမ်းဆ…..
တမ်းတလို့  ဆွေးရပါတယ်……


ကောင်မလေးရေ……
ဆုံးစမဲ့  လက်ပြ
ရှုံးရတဲ့  ငါတို့ အချစ်တွေကို
နာကျင်လွန်းလို့  မုန်းမရ
မှန်းတ…လွမ်းရ…
မြတ်နိုးခြင်း မျှသာ…….
ထပ်ကာ ရှုံး လို့  တွေးရပါတယ်…….

ကောင်မလေးရေ……
ခု ဘ၀မှာ တို့တွေ လက်ပြ
အတိတ်ဆိုတာ ပြန်မရစကောင်းပေမယ့်
နောင် အနာဂါတ် ဆိုတာ  ရှိနေသေးတာမို့
ဖြစ်နိုင်ရင်……
နောင်ဘ၀ကို  ငါလေ ပြေး…..
နင်နဲ့သာ ဆုံချင်သေးတယ်……..♥♥♥

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...