Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ရင်ကွဲမှတ်တမ်း…♥♥♥

Sunday, July 29, 2012

ရင်ကွဲမှတ်တမ်း…♥♥♥

ငါကအချစ်တွေ ပေးလိုက်တိုင်း
ပြန်ရတာက ဒဏ်ရာတွေပဲဆိုရင်
ခံစားမှုတွေညီမျှနိုင်ပါအုံးမလား။
သူများတွေပြောတာတော့
ငါက..
ယုံကြည်မှု့ အမျိုခံရတာတဲ့။
နင်ပြောခဲ့ဖူးတဲ့စကား
နင်မှတ်မိသေးလား
”ဒီအဖြစ်အပျက်တွေ ကြားမှာ
နင်သာ..နင်မဟုတ်ခဲ့ရင်
သိပ်ကောင်းမှာပဲ….တဲ့။
မျှော်လင့်ချက်တွေ
ရိုက်ချိုးပြီး
အိပ်မက်ဆိုးတွေ နိုးထအောင်
နင်ကိုယ်တိုင်ပဲ
အသက်သွင်းခဲ့တာပါ။
ငါသိချင်တာတစ်ခုက..
နံနက်ခင်းတွေ စိုက်ပျိုးတိုင်း
နေ၀င်ချိန်တွေပဲ
ရိတ်သိမ်းနေရတာ
ငါကျဲတဲ့ ပျိုးမှာ
ဘယ်နတ်ဆိုးတွေများ
စောင့်လို့လဲ…။
အတိတ်ကလေညှင်း တစ်ခုက
လမ်းကြုံလို့ ၀င်မေးတယ်
”မင်း..သူ့ကို ချစ်သေးလားတဲ့”
နာကျင်မှု့အပြုံးနဲ့
ငါ့ကိုယ်ငါ ပြန်ဖြေဖြစ်ခဲ့တယ်
ငါ့နှလုံးသား တစ်ခုလုံး
မီးသင်္ဂြိုလ် ခံရမယ်ဆိုရင်တောင်
ကျန်ရစ်နေမယ့်
ရုပ်ကြွင်းက
နင်ပဲ”. . . ..........♥♥♥

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...