Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ချစ်သူ

Sunday, July 29, 2012

ချစ်သူ

ချစ်သူ....
ဆုံဆည်းခြင်းဟာ
ဝေးကွာဖို့အတွက် အစဖြစ်ခဲ့မယ်ဆိုရင်
ဆုံဆည်းခြင်းကို ငါ သွေဖယ်ခဲ့မှာပါ…
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း နာကျင်သွားမှာ စိုးလို့ပါ……
ချစ်ခဲ့ခြင်းဟာလဲ
လမ်းခွဲဖို့အတွက်သာ ဖြစ်ခဲ့မယ်ဆိုရင်
မချစ်မိခဲ့ဖို့ ငါ ကြိုးစားခဲ့မှာပါ..
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း ကြေကွဲရမှာ စိုးလို့ပါ…..
ဆုံတွေ့ခြင်းဟာ
အစနဲ့အဆုံး ကြားမရှိ ဖြစ်ခဲ့မယ်ဆိုရင်
မင်းနဲ့ ဆုံတွေ့ဖို့ ငါ ကြိုးစားခဲ့မှာ မဟုတ်ဘူး…
ငါ ငိုနေရလို့ မဟုတ်ပါဘူး
မင်း မမေ့နိုင်မှာကိုပဲ စိုးတာပါ…..
ဆုံစည်းမှု ရှိခဲ့ပေမယ့်
ပေါင်းစည်းမှု မဖြစ်နိုင်တော့တဲ့ဘ၀မှာ
ဆုံတွေ့ခြင်းကို အပြစ်မပြောလိုပဲ
ချစ်ခဲ့ခြင်းကိုသာ ရင်မှာမြတ်နိုး
သိမ်းထားခွင့်တော့ ပြုလှည့်ပါ ချစ်သူ.........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...