Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: သူ့ကိုချစ်မိသွားလို့ပဲ

Thursday, July 26, 2012

သူ့ကိုချစ်မိသွားလို့ပဲ

၁။ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။

၂။ အားလပ်တဲ့အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလည်း သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။

၃။ သူနဲ့ပတ်သတ်သမျှအ၇ာအားလုံးကို နေ့ တိုင်း နေ့တိုင်း ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။ 

၎။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေကိုယ့်ဖုန်းကို ဖွင့် ထားပြီး သူ့ဆီက Message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပဲ။

၅။ သူနဲ့အတူ နှစ်ယောက်တည်းစကားပြောရတာကို နှစ်သက်တယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပဲ။

၆။ အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပြင်းလိုက်ရှာတတ်တာ သူ့ကိုချစ်မိသွားလို့ပဲ။

၇။ သူ ဖျားနေရင်း ထိခိုက်ဒဏ်ရာရလာရင် လိုတာထက်ပိုစိုးရိမ်မိရင် သူ့ကိုချစ်မိသွားလို့ပဲ။

၈။ တခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလိုသ၀န်တိုမိရင် သူ့ကိုချစ်မိသွားလို့ပဲ။

၉။ သူ့ရဲ့ ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေ၇င် သူ့ကိုချစ်မိသွားလို့ပဲ။

၁၀။ သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကိုချစ်မိသွားလို့ပဲ။

၁၁။ သူပေးတဲ့လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ်ဆိုရင်လည်း သူ့ကိုချစ်မိသွားလို့ပဲ။

၁၂။ သူနဲ့ Chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ သေချာပါတယ်။

သူ့ကိုချစ်နေလို့ပါပဲ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...