Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: တမ်းတ၇တဲ့အလွမ်းည♥♥♥♥♥♥♥♥♥♥

Sunday, July 29, 2012

တမ်းတ၇တဲ့အလွမ်းည♥♥♥♥♥♥♥♥♥♥

ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...


ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...


နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...


လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...



မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်...


နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ


တိုက်ခိုက်ကြတဲ့
သွေးထိုးစကားတွေက လေထဲကဆိုပေမယ့်
ငါ့မာနတွေ တဖျပ်ဖျပ်နဲ့ ခပ်ဆတ်ဆတ် နာလှပြီ...


ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချစ်သူ


ထုံးလိုမွှေ၊ ရေလိုနှောက်
ခေါက်ချင်ရာ ခေါက်ထားခံရတဲ့သူ အဖြစ်နဲ့
အပြုံးမပျက်နေခဲ့တာ ရင်ထဲက အချစ်တွေ
နင်မြင်ရင် အနှစ်အဖြစ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးနဲ့
ခေါင်းငုံ့လို့ မမြင်ယောင်ဆောင် ဟန်ဆောင်ပြိး အကွက်ရွေ့လဲ
ငါဘက်ကတော့ ချစ်တယ် ဆိုတဲ့စကားထက် နင့်ကို အလေးအနက် ထားခဲ့တာပါ..


ဘဝမှာ
အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ..
မျှော်လင့်နေတဲ့ တစုံတရာ...
နာကျင်တဲ့ အလွမ်း...
ခါးလှတဲ့ ဥပေက္ခာ...
ရင်ထဲက ဆန္ဒ..
ယုံကြည်မှု တံတိုင်းနဲ့
ကာရံမိတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ...။♥♥♥♥♥

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...