Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: မယုံနိုင်ဘူးချစ်သူ

Monday, July 30, 2012

မယုံနိုင်ဘူးချစ်သူ

မယုံပါဘူး…..
ခုမှာလာပြီးမပြောင်းလဲကြေး…
မင်းပြောတဲ့ လမ်းခွဲဖို့စကားကို
ငါမကြားသလိုနေလိုက်မယ်…
မင်းငါ့ကို နောက်နေတာမဟုတ်လား…….

ဘယ်တော့မှ စိတ်မပျက်ပါဘူးဆို
ခုမှစိတ်ကုန်တယ်လို့ပြောလာတော့
ငါတော်တော်အံ့သြမိတယ်…
သည်းသည်းလှုပ်ချစ်ပြမိခဲ့တာကလွဲရင်
ငါဘာအပြစ်များလုပ်မိလို့လဲ…………

ပြောင်းလဲတတ်တဲ့မိန်းမတွေထဲမှာ
မင်းမပါဘူးလို့ မင်းပြောခဲ့ဖူးတယ်လေ….
အခု ငါ့ကိုလမ်းခွဲဖို့ပြောတာ
ပြောင်းလဲတာပဲမဟုတ်ဘူးလား…..

မနောက်နဲ့ကွာ…
ငါမယုံဘူး…
ငါမင်းကိုသိပ်ချစ်ခဲ့တာ…
မင်းအတွက်အဆိပ်ဖြစ်ခဲ့လေသလား…
မင်းဘယ်လိုပြောပြော
ငါမယုံဘူး….
နောက်ဆုံးတော့လဲ
ငါဘယ်လောက်ပဲ ယုံ…ယုံ
မင်းငါ့ကိုထားခဲ့တာပဲနော်…..
တကယ်ပါ…
ငါလေ….
ခုချိန်ထိကို မယုံနိုင်သေးဘူး……..။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...