Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ***ကြွေလွင့်သွားသောနှလုံးသား***

Tuesday, July 31, 2012

***ကြွေလွင့်သွားသောနှလုံးသား***

လမ်းဆုံးနေတဲ့ မျှော်လင့်ချက်မှာ
တမ်းတခြင်းက
အတွင်းထိလှိုက်စားနေ...
မင်းမသိနိုင်ခဲ့တဲ့
ငါ့ရဲ့ ရူးသွက်စွာစောင့်မျှော်ခြင်းက
၃၆၅-ရက်....
အဲဒီစောင့်မျှော်ခြင်းရဲ့ အဓိပ္ပါယ်က
ဒဏ်ရာတွေ အသက်ဆက်ဖို့ ဖြစ်နေတယ်..
အိပ်မက်တွေပြိုကွဲဖို့ ဖြစ်ခဲ့ တယ်..
မတိုက်ဘဲနဲ့ ရှုံးနိမ့်တဲ့ စစ်ပွဲမှာ
ငါ့နှလုံးသားလည်း
တိတ်တဆိတ်သေမိန့် ကျလို့ ပေါ့....
နောက်ထပ်မရှိနိုင်တော့တဲ့
နောက်ဆုံးမှာ
မင်းမျက်နှာကိုငေးကြည့်ခွင့်ရရုံပါပဲ...
ကြေကွဲခြင်းနဲ့  အဆုံးသတ်မဲ့ 
အလွမ်းဇာတ်
အပြုံးတစ်ချက်ကိုဘဲ မျှော်မိတော့တယ်....ချစ်သူ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...