Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ချစ်သူမင်းကရော?

Monday, July 30, 2012

ချစ်သူမင်းကရော?

civil တွေကို
survey တိုင်းခိုင်းရင်တောင်
ဧရိယာ မသိနိုင်တဲ့
အဲဒီ အချစ်ကို
မင်းက steel rule နဲ့ တိုင်းပြမလို့လား.........
ငါ့ရဲ့ မြန်နှုန်းမြင့်ရင်ခုန်သံတွေ
Mechanical တွေ က
RPM နဲ့ တိုင်းတာမရကြောင်း
သူတို့ ခေါင်းကို လက်ညှိးထိုးပြီး
လက်ခါပြတယ်........
စိတ်ဓာတ် ပြသနာတက်နေလို့
ရင်ဘတ် လျှော့ဖြစ်ပြီး
ပြုပြင်မရတော့ကြောင်း
EP တွေ ကအကြောင်းကြားလာတဲ့နောက်......
ဆက်သွယ်မှုဧရိယာပြင်ပမှာ
အနေဝေးရင် သွေးအေးလို့
သတင်းအချက်အလက်
ပြတ်တောက်နိုင်ကြောင်း
EC တွေက အကြံပေးတယ်...........
safety first ကို စဉ်းစား
spare part လုပ်ထားသင့်ကြောင်း
CNC တွေ လာအကြံပြုပြီး
တွင်ခုတ်ထားတဲ့
ှsteel နှစ်လုံးသားတစ်ခု
လက်ဆောင်လာပေးတော့
ရင်ဘတ်မှာ စမ်းတပ်ကြည့်တယ်
အေးစက်စက် မာကြောကြောနဲ့
အသက်ရှုရတာလူသားမဆန်ဘူး
မွန်းကျပ်ပြီး တအားရုန်းလိုက်တော့
လောကသစ်တစ်ခု ရောက်သွားတယ်
ရင်ဘတ်ကိုစမ်းကြည့်တော့
ဟူးတော်ပါသေးရဲ့
နှလုံးသားအစစ်ရဲ့ ရင်ခုန်သံနဲ့အတူ
အေးမြမြ လေ ကိုရှုရှိုက်လိုက်ရတယ်
သေချာတွေးကြည့်လိုက်တော့
အော် ငါအိပ်မက်မက်နေတာကိုး...........
အောင်မယ် ကြောက်စရာကောင်းလိုက်တာ
အင်း ချစ်သူရေ မင်း က ရော ENGINEER လားကွယ်.............

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...