Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: ကျေနပ်စွာပေးသောအရှုံး

Tuesday, July 31, 2012

ကျေနပ်စွာပေးသောအရှုံး

မင်းကပဲကျောခိုင်းပြီးသွားနေတာလား.........
ငါကပဲရှေ့ဆက်မတိုးနိုင်တာလား............
ဒီလိုနဲ့ပဲ..မင်းနဲ့ငါဟာ..တဖြည်းဖြည်းဝေးကွာလာခဲ့ပြီလား....
ငါကိုယ်တိုင်လည်း…..
ရှုံးနိမ့်မှုတွေကြား အားကုန်သွားတာလည်း...ဖြစ်နိုင်ပါတယ်...
ဘာပဲဖြစ်ဖြစ်.....မင်းကိုငါချစ်တယ်.........
စာအုပ်ထဲမှာဖတ်ခဲ့ဘူးတယ်...
သင့်ကိုအရမ်းချစ်အောင်လုပ်တဲ့သူက...
အရမ်းကိုငိုရအောင်လည်း လုပ်လိမ့်မယ်တဲ့
ဒါအမှန်လားချစ်သူ.....ကိစ္စမရှိပါဘူး
မင်းသာဆန္ဒရှိရင်အကြိမ်ကြိမ်ငိုပေးဖို့
မျက်ရည်တွေစုဆောင်းထားလိုက့်ပါ့မယ်ဒါကိုမိုက်ရူးရဲဆန်တယ်လို့..........
အပြစ်တင်အုံးမှာလားချစ်သူ...
သူများတွေကပြောတယ်.....ငါဟာမင်းနဲ့ပတ်သတ်ရင်
စစ်မတိုက်ခင် မြားကုန်နေတဲ့သူတစ်ယောက်တဲ့
အမှန်တော့ နဂိုကတည်းက မြားယူမလာတာပါဟာ
ဘာဖြစ်လို့လည်းဆိုတော့...နင်နဲ့ပတ်သတ်ရင်..
အရှုံးဟူသမျှကို.....
ကျေနပ်စွာခံယူချင်ခဲ့လို့ပါ...ချစ်သူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...