Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: အရှုံးမပေးနဲ့ သူငယ်ချင်း

Sunday, July 29, 2012

အရှုံးမပေးနဲ့ သူငယ်ချင်း

သူငယ်ချင်း..............................

မင်းအားငယ် နေလား

အားတင်း ထားပါ

အရမ်းဝမ်း နည်းနေလား

မင်းမျက်ရည်တွေ သုတ်ပစ်လိုက်

သူတို့ကမင်းရဲ့စိတ်ဓါတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်

စိတ်ပျက်ေ နပြီလား

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်းပါ

အသည်း ကွဲ နေလား

ဒါဆို ကံကောင်းပြီ

အဲဒီ့ တစ်ယောက် က

အချစ်နဲ့ မတန်သေးဘူး

ဒေါသ မဖြစ်နဲ့

မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ

ပန်းတိုင် ရောက်ပြီလား

တက် မထောင်နဲ့ဦး

နောက် လှေ ကြည့်လိုက်

တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင်

မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်

ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့

သွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား

ရှင်သန်နေထိုင်ဖို့ အတွက် မွေးဖွားလာတာ

မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ .

ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ

ရှေ့ကို ဆက်ပြီး လျှောက်ပါ

နေမ၀င်သရွေ့ ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...