Blogger Widgets ♡☆♡♪အလွမ်းဆွေးသမားလေး♪♡☆♡: Gtalk မိတ်ဆွေ

Thursday, July 26, 2012

Gtalk မိတ်ဆွေ

သူနဲ့မင်းနဲ့
မည်သို့မျှပင် သိစေကာမူ
စကားအနိုင် မပြောလေနဲ့ ။

သူနဲ့မင်းနဲ့
မည်သို့မျှပင် ခင်စေကာမူ
မာနစကား မပါစေနဲ့။

မင်းတို့သူတို့ ပြောတဲံ့စကား
ခင်တယ်ဆိုတာ ပလူပျံအောင်
ကြားမိသော်ငြား
အမှန်စင်စစ် စိတ်ရင်းစိတ်မှန်
ရေစစ်နဲ့သာ စစ်ခဲံ့ပါမူ
များစွာရှိလှ နှစ်ခွန်းလောက်သာ
ကျန်ခဲ့ပေမယ် ။

သို့ပါသောကြောင့်
ပြောသောစကား ဆယ်ခွန်းရှိလျှင်
ယုတ်ဆွအဆုံး
နှစ်ခွန်းလောက်သာ လက်ခံစေ၍
စဉ်းစားချင့်ချိန် ဆုံးဖြတ်ပါလေ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...